အပိုင်း ၇၃ ( Little White Face 1 )

6.6K 734 61
                                    

မျက်နှာဖြူလေး

20X0 ဇွန်လ ၁ ရက်နေ့တွင် ဧရာမဂြိုဟ်သိမ်ကြီးတစ်လုံးသည် နက္ခတ္တဗေဒပညာရှင်တချို့၏ အဝေးကြည့်မှန်ပြောင်းများတွင် ပေါ်လာပြီး အချို့သော တွက်ချက်မှုများအပြီးတွင် ဂြိုဟ်သိမ်သည် ကမ္ဘာမြေကို ခြောက်လအတွင်း ဝင်တိုက်မည်ဖြစ်ကာ လူသားမျိုးနွယ်အတွက် အကြီးအကျယ် ပျက်စီးစေနိုင်သော ဘေးအန္တရာယ်ကို ယူဆောင်လာလိမ့်မည်ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

နိုင်ငံများသည် အတူပူးပေါင်းပြီး ကမ္ဘာမြေကို ဝင်မတိုက်ခင် ဂြိုဟ်သိမ်ကို ဖျက်ဆီးရန် အလုံးစုံသော အဆင့်မြင့်ဆုံး အာကာသယာဉ်နှင့် ဒုံးကျည်လက်နက်များကို အသုံးပြုခဲ့ကြသည်။

မူလက ဂြိုဟ်သိမ်တစ်ခုလုံးသည် နောက်ဆုံးတွင် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပေါက်ကွဲသွားပြီး လေထဲသို့ ကျရောက်ကာ ကမ္ဘာမြေအနှံ့ ပြန့်ကြဲသွားခဲ့သည်။

ထို့နောက် ချက်ချင်းပင် အမည်မသိဗိုင်းရပ်စ်တစ်မျိုးသည် နာရီပိုင်းအတွင်း တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကို ကူးစက်သွားလေသည်။

ဤဗိုင်းရပ်စ် ကူးစက်ခံရသူများသည် ချက်ချင်း သေဆုံးသွားပြီး မကြာမီ ပြန်ထလာကာ ဇွန်ဘီ ဟူသော ကြောက်မက်ဖွယ်သတ္တဝါအဖြစ် ပြောင်းသွားကြသည်။

သူတို့သည် လူသေများ ဖြစ်ကြောင်း သေချာပြီး အသိစိတ်ကင်းမဲ့သော်လည်း လှုပ်ရှားနိုင်နေလျက် အသက်ရှင်နေသော လူသားများကို လိုက်လံဖမ်းဆီး၍ စားပစ်တတ်သည်။

ဒဏ်ရာရသူများအားလုံးသည် တစ်နာရီအတွင်း သို့မဟုတ် ရက်အနည်းငယ်အတွင်း သူတို့ကဲ့သို့ လမ်းလျှောက်နေသော လူသေများ ဖြစ်လာကြသည်။

ထို့‌အပြင် ဂြိုဟ်သိမ်၏ အပိုင်းအစများ ‌ကမ္ဘာပေါ်သို့ ကျဆင်းလာပြီး ကမ္ဘာ၏ သံလိုက်စက်ကွင်းသည်လည်း ရုတ်တရက် အားပျော့သွားခဲ့သည်။ လျှပ်စစ်ဓာတ်ရှိသော နေရောင်ခြည်အမှုန်လေးများ အများအပြားသည် ကမ္ဘာကြီးကို တရစပ် တိုက်ခိုက်ပြီး ကမ္ဘာကြီး၏ သိပ်သည်းသော ဓာတ်အားကွန်ရက်နှင့် လေထုအပြင်ဘက်ရှိ ဂြိုဟ်တုများသည် ရုတ်တရက် သံတိုသံစများ ဖြစ်သွားကြသည်။ တစ်လောကလုံး အင်အားဆုံးရှုံးသွားကြပြီး အင်တာနက်က ချက်ချင်း ပျောက်ကွယ်သွားကာ ဆဲလ်ဖုန်းများလည်း အလုပ်မလုပ်တော့ချေ။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now