အပိုင်း ၇၄ ( Little White Face 2 )

3.5K 651 84
                                    

" ကျိုးဝမ်ရှိူ့က တကယ် ရောက်လာတာပဲ! " ယန်ကျင်းဇီဘေးမှ မိန်းမလှလေးက စိတ်လှုပ်ရှားစွာ ပြောပြီး ယန်ကျင်းဇီကို ကြည့်လာသည် : " ကျင်းဇီ၊ ခဏနေကျရင် ပူးပေါင်းသရုပ်ဆောင်ပေးဖို့ ငါတို့ အကူအညီတောင်းမယ်နော်။ "

သရုပ်ဆောင်တာ? ဘာဇာတ်လမ်းအမျိုးအစားလဲ? သူ့စိတ်ထဲတွင် ဤမေးခွန်း ပေါ်လာရာ သူ့ခေါင်းမှာ မူးဝေသွားကာ မှတ်ဥာဏ်အချို့က သူ့ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာလေသည်။

ယင်းမှာ မူလပိုင်ရှင်၏ မှတ်ဥာဏ်များ ဖြစ်ကြသည်။

မူလပိုင်ရှင်က... လူယုတ်မာပဲ!

သူက တကယ်ကြီး ဆန်ကုန်မြေလေးတစ်ယောက်အဖြစ် ကူးပြောင်းလာတယ်!

ဤလူ၏ နာမည်မှာလည်း ယန်ကျင်းဇီ ဖြစ်ပြီး H မြို့ကြီး၏ ဒေသခံ ဖြစ်သည်။

သူ့မိသားစုက ချမ်းသာသည်။ သူက မိသားစုတွင် တစ်ဦးတည်းသော ကလေး ဖြစ်သည်။ သူ ငယ်ငယ်ကတည်းက သူ့ကို သူ့မိဘများ၊ ဖခင်ဘက်မှ အဘိုးအဘွားများနှင့် မိခင်ဘက်မှ အဘိုးအဘွားများက ဝိုင်းချစ်ခင်ခဲ့ကြပြီး သူ အလိုရှိသမျှကို ရရှိခဲ့သည်။

သို့သော် သူသည် အာဏာရှင်ငယ်လေး အဖြစ် ပျိုးထောင်ခြင်းမခံရဘဲ သူက... ပန်းပွင့်ငယ်လေး ဖြစ်လာသည်။

မူလပိုင်ရှင်သည် ငယ်စဉ်က လမ်းလျှောက်ရသည်ကို မနှစ်သက်သဖြင့် မိသားစုက သူ့ကို သယ်ပေးသွားကြသည်။သူ့ဘာသူ မစားချင်လျှင် မိသားစုက ခွံ့ကျွေးလိမ့်မည်။ သူက အဝတ်အစားများနှင့် ဖိနပ်များကို မဝတ်ချင်လျှင်လည်း မိသားစုက ကူညီပေးကြလိမ့်မည်ပင်။

သူ စာသင်သည့်အချိန်တွင်တောင်မှ မိသားစု၏ အလိုလိုက်အကြိုက်ဆောင်မှုကြောင့် ကျောင်းတွင် မနေ‌ခဲ့ပေ။ သူ ကောလိပ်တက်နေစဉ်၌ပင် သူသည် အမြတမ်း ဂရုစိုက်ခံရသည်။ သူက အိမ်နဲ့နီးသော ကျောင်းမှာ တက်ပြီး သူ့အဖေက သူ့ကို နေ့တိုင်း ကျောင်းလာကြိုတယ်!

ပိုကောင်းတာက သူက ရုပ်ချောနေတာပဲ!

လူအများသည် ရုပ်ရည်ကြည့်ကောင်းသူများကို ဦးစားပေးဂရုစိုက်မှုများ အမြဲတစေ ပေးလေ့ရှိကြသည်။ သူ ငယ်ရွယ်စဉ်က သူသည် အဖြူရောင်ကျောက်စိမ်းရုပ်လေးနှင့် တူသည်။ သူ့ဆရာများနှင့် အတန်းဖော်များက သူ့ကို သဘောကျသည်။ သူ အရွယ်ရောက်လာသောအခါ သူက ရုပ်‌ပိုချောပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာလေရာ သူသည် ဘာမှမသိခဲ့ချေ။ သူ မတ်တပ်ရပ်နေရုံဖြင့် တစ်ယောက်ပြီးတစ်ယောက် သူ့ကို ကူညီပေးပြီး ပစ္စည်းများ လာရောက်ပေးမည့် မရေမတွက်နိုင်သော မိန်းကလေးများ ရှိနေပေလိမ့်မည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now