အပိုင်း ၂၁ ( Genius Slacker 4 )

3K 217 9
                                    

အရုဏ်ဦးရောက်လာသည့်အခါတွင်တော့ ယန်ကျင်းဇီသည် ချန်အန်းရှို့၏လက်ရေးဖြင့် စာအုပ်တစ်အုပ်အပြည့် စာလုံးများကို ရေးပြီးပြီဖြစ်၏။ ဤအချိန်၌ သူ့လက်မောင်းကို သူ့ကိုယ်ပိုင်ဟုပင် မခံစားရတော့ပေ။

မှတ်စုစာအုပ်မှ စာရွက်အချို့ကို ဆုတ်ဖြဲလိုက်ပြီး လိုအပ်သည့်အခါတွင် ပြန့်ကျဲသွားစေရန် ထိုစာရွက်များကို မှတ်စုစာအုပ်ထဲ သေသေချာချာ ညှပ်ထားလိုက်၏။ ယန်ကျင်းဇီသည် သူ့ကျောင်းလွယ်အိတ်ကို ပြင်လိုက်ပြီးနောက် အတန်းသွားတက်ရန် အဆင်သင့်ပင်။

တစ်ချိန်တည်းမှာပဲ ဒုတိယနှစ် အခန်း ၁ မှာ တင်မက အခြားအတန်းများစွာတွင် သတင်းစကားတစ်ခု ပျံ့နှံ့သွားခဲ့သည်။

ချန်အန်းရှို့က ယန်ကျင်းဇီကို ကြိုက်နေသည်တဲ့!

အဲ့ဒါတင်မက တကယ့်သက်သေအချို့လည်း ရှိသေးသည်! သက်သေက ယန်ကျင်းဇီ လူများနှင့် စကားပြောနေသည့် screenshot များ နှင့် ယန်ကျင်းဇီစီ ချန်အန်းရှို့ ရေးသားထားသော အချစ်ကဗျာများ၏ ဓာတ်ပုံများ ဖြစ်သည်!

ကောလာဟလများ ရောထွေးနေသည့် ဓာတ်ပုံမျိုးစုံသည် ကျောင်းသားအားလုံးနီးပါး မြင်ဖူးသွားလောက်သည့်အထိ ကျောင်းထဲတွင် တော်တော်လေး ပရမ်းပတာဆန်စွာ ပျံ့နှံ့‌သွားသည်။

ဒါပေါ့၊ ယန်ကျင်းဇီ၏ညီငယ်များသည်လည်း အဲ့ဒါကို မြင်လိုက်ရသည်။

မနေ့က ချန်အန်းရှို့ သူတို့ဘော့စ်ကို မကြိုက်ဘူးလို့ သူတို့အခိုင်အမာ ယုံကြည်ထားခဲ့ကြသည်။ အခု သူတို့ သက်သေကို မြင်လိုက်ရတော့...

" Holy shit! ချန်အန်းရှို့က ဘော့စ်ကို ကြိုက်နေတာ တကယ်ကြီးလား? "

" ဒီ screenshot၊ ဒါက တကယ်ပဲ ဘော့စ်ရဲ့ profile picture... "

" မနေ့က ဘော့စ် ချန်အန်းရှို့ကို ဒေါသထွက်ရဲတာ အံ့ဩစရာမလိုတော့ဘူး။ "

" ချန်အန်းရှို့ မနေ့က ထွက်သွားတုန်းက တအားစိတ်ဆိုးနေတာ။ ဖြစ်နိုင်တာ ဘော့စ်က သူ့ကို ငြင်းလိုက်လို့လား? "

" ချန်အန်းရှို့က အဲ့လိုလူမှန်း ငါ မထင်ထားခဲ့ဘူး။ "

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now