အပိုင်း ၉၁ ( Little White Face 19 )

1.1K 90 6
                                    

အဘယ့်ကြောင့် လမ်းတစ်လျှောက်လုံးတွင် ဇွန်ဘီများ အနည်းငယ်သာ ရှိကြောင်း ချွီယောင်ဖုန်းသည်လည်း နားမလည်နိုင်ပေ။

သူသည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းက ဇွန်ဘီများကို ရှင်းလင်းနေကြောင်း သတိပြုမိသော်လည်း ဤကိစ္စကို သူ တစ်ခါမှ မလုပ်ဖူးခဲ့ချေ။

အဆုံး၌မူ ဘာဖြစ်နေမှန်း သူ မသိတော့။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ အခြေစိုက်စခန်း အနားတွင် ဇွန်ဘီများ ပိုနည်းလာသည်။ ယခု တက္ကသိုလ်မြို့တော် အခြေစိုက်စခန်း၏ ပတ်ဝန်းကျင်တွင် ဇွန်ဘီများ ပို၍ပင် နည်းပါးနေသေးသည်။

ဇွန်ဘီတွေ ဘယ်မှာလဲ? သူတို့ ဘယ်သွားကြတာလဲ?

ပျက်စီးယိုယွင်းနေသော မြို့ကြီးကား တိတ်ဆိတ်နေပြီး လူနေရပ်ကွက်များနှင့် နေအိမ်များကို ထိန်းသိမ်းထားခြင်းမရှိဘဲ တိုက်ခိုက်မှုများကြောင့် အနည်းနှင့်အများ ထိခိုက်ထားမှုများ အားလုံး ဟောင်းနွမ်းပြာနှမ်းနေလျက် တွေ့မြင်သူတိုင်းကို တုန်လှုပ်စေ‌သည်။ သို့သော် လူတိုင်းက ဤမြင်ကွင်းမျိုးကို မမုန်းတီးကြပေ။

ဘာလို့လဲဆိုတော့ အနီးအနားမှာ သွားလာနေတဲ့ ဇွန်ဘီတွေ  လုံးဝ မရှိလို့ပဲ!

S မြို့ကြီး အခြေစိုက်စခန်းမှ လာသူများမှာ သိသိသာသာပင် အနည်းငယ် ရွှင်မြူးပြီး စိတ်ရှုပ်ထွေးသွားကြသည်။

ချွီယောင်ဖုန်းသည် ဤရက်များအတွင်း S မြို့ကြီး အခြေစိုက်စခန်းမှ ဤလူများ၏ စိတ်နေသဘောထားကို သိရှိထားသဖြင့် ချက်ချင်း ပြောလိုက်သည် : " ဇွန်ဘီတွေက လူ‌သားတိုင်းရဲ့ ရန်သူတွေပဲ။ ငါတို့ ဇွန်ဘီတွေကို ရှင်းလင်းနေကြတယ်။ ပြီးတော့ တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းနဲ့ကြားမှာ ငါတို့ အထူးလမ်းတစ်လမ်း ရှင်းလင်းနေတာ... "

တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများ၏ ဤသို့ဆောင်ရွက်ခြင်းမှာ အနည်းငယ် မိုက်မဲသည်ဟု သူ ထင်ခဲ့ဖူးသည် – ပစ္စည်းစုဆောင်းတဲ့အချိန်မှာ သူတို့ ဇွန်ဘီတွေကို သတ်ရမယ်ဆိုရင်တောင် ဘာလို့ သူတို့က ဇွန်ဘီတွေကို ရှင်းလင်းဖို့ အပြင်ထွက်ကြတာလဲ?

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now