အပိုင်း ၇၁ ( The Emperor - Extra 1 )

1.4K 87 5
                                    

" ချူထင်းရှို့၊ မင်း ကိုယ့်ကို မချစ်တော့ဘူး! " ယန်ကျင်းဇီသည် နဂါးခုတင်ပေါ်မှ ရုတ်တရက် ထထိုင်ကာ ချူထင်းရှို့ကို စိတ်မကျေနပ်စွာ ကြည့်သည်။

" မဟုတ်ပါဘူး။ " ချူထင်းရှို့ မှားယွင်းအပြစ်တင်ခံရသကဲ့သို့ ခံစားရသည်။

" ဒါဆို ဘာလို့ မင်း ငြင်းတာလဲ? " ယန်ကျင်းဇီက မေးသည်။

သူသည် ချူထင်းရှို့ကို "တစ်ဦးတည်းသော တွဲဖက်ဘုရင်" ဘွဲ့ဂုဏ်ထူးအား ပေးခဲ့သည်။ သူ့အိပ်ဆောင်ကို ပေးထားသည်မှာ နှစ်လသာ ရှိသေးပြီး ချူထင်းရှို့က သူ၏ မေထုန်မှုကို အကြိမ်ပေါင်းများစွာ ငြင်းဆိုထားကာ လောလောလတ်လတ် သူနှင့် မတွေ့ဆုံသည်မှာ သုံးရက်ဆက်တိုက် ရှိနေပြီ။ သုံးရက်ကြီးများတောင်လေ!

ချူထင်းရှို့ : " ... "

" မင်း အရင်က ဒီလိုမျိုး မဟုတ်တာ သေချာတယ်။ ကိုယ် အသက်ကြီးနေပြီလို့ မင်း ထင်တာလား? " ယန်ကျင်းဇီက မေးသည်။

ချူထင်းရှို့ : " အရှင်မင်းကြီး၊ ငါက မင်းထက် အသက်ကြီးတယ်။ "

" ကြည့်၊ မင်း ကိုယ့်ကို ကျင်းဇီလို့ မခေါ်ဘဲနဲ့ 'အရှင်မင်းကြီး'လို့ ခေါ်လိုက်တယ်! " ယန်ကျင်းဇီသည် အကြောင်းရင်းမရှိဘဲ ပြဿနာရှာနေသည်။

ချူထင်းရှို့ : " ... " အစက သူသည် မှားခေါ်မိခြင်းဖြစ်သော်လည်း 'အရှင်မင်းကြီး'ဟု ခေါ်ရသည်မှာ အတော် စိတ်ဝင်စားစရာကောင်းသဖြင့် ထိုသို့ခေါ်ရသည်ကို သူ သဘောကျသည်။

" ဘယ်လိုလုပ် မင်း ကိုယ့်ကို ဒီလိုဆက်ဆံနိုင်ရတာလဲ! " ယန်ကျင်းဇီသည် ပြောင်ပြောင်တင်းတင်းဖြင့် စောဒတက်‌ခဲ့သည်။

ချူထင်းရှို့သည် နောက်တစ်ကြိမ် နောင်တရမိသည်။ အစပိုင်း၌ သူ အလွန်တက်ကြွခဲ့မိသည်ကို နောင်တနေသည်...

ထိုအချိန်၌ ယန်ကျင်းဇီသည် သူ့အား အနားယူရန် အကြံပေးခဲ့သော်လည်း ယခုမူ... သူ တကယ် နောင်တရတယ်!

ပြောင်းလဲမှုမဖြစ်ခင်က ချူထင်းရှို့သည် အမှန်တကယ် ငြင်းဆိုနိုင်လိမ့်မည် မဟုတ်သော်လည်း ယနေ့တော့ မဟုတ်သေး... မနက်ဖြန်တွင် ရုန်မျိုးနွယ်စုမှ လူများ မြို့တော်သို့ လာရောက်မည်ဖြစ်ပြီး သူသည် အတတ်နိုင်ဆုံး အကောင်းဆုံးပုံပန်းသွင်ပြင်ဖြင့် ရှိနေချင်သည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now