အပိုင်း ၇၅ ( Little White Face 3 )

3.7K 679 65
                                    

ဤနေ့ရက်များတွင် လူအများသည် လုံလုံလောက်လောက် မစားနိုင်ကြပေ။ သူတို့ အန်ထုတ်ချင်လျှင်ပင် ဘာမှထွက်လာလိမ့်မည် မဟုတ်သော်ငြား မူလပိုင်ရှင်ကတော့ ကွဲပြားသည်။

ကမ္ဘာ့အဆုံးသတ် ရောက်လာကတည်းက ဆာလောင်မှု အများအပြားကို ခံစားခဲ့ရသော မူလပိုင်ရှင်တွင် ယခုအခါ စားသောက်ခြင်းအတွက် ကြီးမားသော ချစ်ခင်မှု ရှိလာသည်။ သူသည် ပြန်ပေးဆွဲခံရသယောင် ဟန်ဆောင်ရမည်ဖြစ်ပြီး အစားအစာများကို မသယ်နိုင်သဖြင့် သူက ထွက်မလာခင် အများကြီးစားခဲ့သည်။

အစောက ကားစီးရသည်မှာ အလွန်တိုက်မိဆောင့်မိပြီး မူလပိုင်ရှင်က အလွန်မသက်မသာဖြစ်နေပြီဖြစ်သည်။ ကူးပြောင်းလာပြီးနောက် ယန်ကျင်းဇီက အော့အန်ချင်သည်ဟု ခံစားရလေသည်။ နောက်ပိုင်းတွင် သူသည် ရွံစရာ ဇွန်ဘီများကို တွေ့ရပြီး မှတ်ဉာဏ်ကို လက်ခံရရှိလိုက်ရသောအခါ သူက ပို၍ပင် မူးဝေလာသည်...

ထို့ကြောင့် ယန်ကျင်းဇီ အန်ချင်နေသည်မှာ အတော်ကြာပြီဖြစ်သည်။

ယခု သူက လွတ်လွတ်လပ်လပ် အန်ချနေလေသည်။

လမ်း‌ကြမ်းမောင်းယာဉ်ပေါ်မှ ယန်ကျင်းဇီကို ဆွဲထုတ်သော ချွီဝမ်ဝမ်သည် သူ(မ)အပေါ် ယန်ကျင်းဇီ အန်ချခြင်းကို ခံလိုက်ရသည်။

ချွီဝမ်ဝမ်သည် အမျိုးသမီးဖြစ်သည့်အပြင် အဆုံးသတ်နေ့ရက်များတွင် ဆံပင်ဆေးဆိုးပြီး မိတ်ကပ်ခြယ်သသေးသော သိမ်မွေ့သော အမျိုးသမီးမျိုး ဖြစ်သည်။ သူ(မ)က အော်ဟစ်ပြီးနောက် ယန်ကျင်းဇီကို လွှတ်လိုက်ပြီး နောက်ဆုတ်သွားသည်။ သူ(မ)ကိုယ်ပေါ်မှ အညစ်အကြေးများကို ဖယ်ရှားရန် လျင်လျင်မြန်မြန်ဖြင့် ရေစနစ်စွမ်းရည်ကို အသုံးပြုလိုက်သည်။

မိန်းကလေး၏ ကောက်ကြောင်းများမှာ အရိုးထိတောင် ရေစိုစိုရွှဲနေသောကြောင့် ပေါ်လွင်နေသော်လည်း ယန်ကျင်းဇီတွင် အာရုံစူးစိုက်ရန် အချိန်မရှိပေ။

သူက ကားတံခါး၏ တစ်ဖက်ခြမ်းကို ဖွင့်ပြီးပြီဖြစ်ကာ ပြေးထွက်လိုက်သည် : " ဝမ်ရှိူ့ ကူညီပါ! "

‌ဒီလိုအချိန်မှာ အသက်ရှင်အောင် ပြေးဖို့ အရေးကြီးတယ်!

ပြန်ပေးဆွဲခံရတဲ့သူအနေနဲ့ သူက သူ့ရဲ့ရွှေသခင်စီ အခွင့်အရေးတိုင်းမှာ ထွက်ပြေးရမယ်!

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now