10.

1.6K 107 1
                                    


"ဆေးခန်းကမဖွင့်သေးဘူးခင်ဗျ ''

ဆေးခန်းရဲ့ slide doorဖွင့်သံကြားတာကြောင့် ဆေးခန်းထဲ၌ လိုအပ်တာတွေထည့်နေတဲ့ တည်တံ့မောင်တစ်ယောက် ဝင်လာတဲ့လူကိုမကြည့်သေးဘဲ ပြောလိုက်သည် ။

အချိန်အတော်ကြာအထိ ဘာအသံမကြားတော့မှ တည်တံ့မောင်လှည့်ကြည့်တော့

"သြော် သက္ကရာ ဒီကိုဘယ်လို......လာ လာ ဒီမှာ လာထိုင်လေ ''

မိမိအား ပြူးကြောင်ကြောင်လေးကြည့်နေသော သက္ကရာကြောင့် အရင်ဆုံး ခုံဆွဲယူ၍ ထိုင်ခိုင်းလိုက်တော့လဲ အေးအေးဆေးဆေးလေး ဝင်ထိုင်တဲ့ သက္ကရာကြောင့် တည်တံ့မောင် ပြုံးမိသေးသည် ။

ဒီကောင်လေးဟာ တွေ့တုန်းကလို ဂျစ်ကန်ကန်လေးမဟုတ်တော့ဘဲ လိမ်မာနေတာပဲဆိုပြီး တွေးမိတော့လည်း တည်တံ့မောင် စိတ်ထဲ၌ ဘာကိုအလိုမကျမှန်းမသိ ဖြစ်ရပြန်သည် ။

သို့သော် တည်တံ့မောင်ပျော်ပါသည် ။
သူက သက္ကရာကို ထပ်မတွေ့ရတော့ဘူးထင်နေတာလေ ၊ အဲ့ဒီနေ့ကလဲ ဘာတွေဖြစ်သွားမှန်းလိုက်မမှီလိုက်လို့ ဆက်သွယ်ဖို့ လိပ်စာတွေ ph noတွေတောင် မတောင်းမိလိုက်သောကြောင့် နောင်တရနေသေးသည် ။

အခုတော့ သူ့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ သက္ကရာကို တစ်ချက်ကြည့်ရင်း ခုံကိုယူ၍ သက္ကရာအရှေ့၌ ထိုင်ကာ စကားစရသည် ။

"သက္ကရာ ဒီကိုလာတာ ကိစ္စရှိလို့လား ဒါမှမဟုတ် အကို့ကိုလာတွေ့တာလား အဟက် ''

တည်တံ့မောင် သက္ကရာကိုမေးရင်း ကိုယ့်စကားကိုယ်ပြန်ရယ်ချင်လာသောကြောင့် အသံထွက်ပြီးရယ်မိသည့်အထိပင် ။

*တည်တံ့မောင်ရေ မင်းအခုတလော ဘာတွေဖြစ်နေလဲ ပါးစပ်ကထွက်ချင်တာတွေထွက်နေတာပဲ *

သက္ကရာကတော့ ဘာမှမပြောပဲ တည်တံ့မောင်ကို ကြည့်မြဲသာကြည့်နေသည် ။
တည်တံ့မောင်လဲ ဂုတ်ပိုးကိုလက်ဖြင့်ပွတ်ကာ အရှက်ပြေချောင်းတစ်ချက်ဟန့်ရင်း

"အဟမ်း ဟို အကိုပြောတာကလေ သိတယ်မလား...''

တည်တံ့မောင်ကသာ တစ်ယောက်ထဲရှေ့မှာ ဂယောက်ဂယက်ဖြစ်နေတာ သက္ကရာကတော့ အေးချမ်းသောမျက်နှာကလေးနှင့်ပင်ကြည့်ကာ တည်တံ့မောင် အရှေ့သို့ စာရွက်လေးတစ်ရွက် ချပေးလေသည် ။

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now