13.

1.1K 88 1
                                    


"သက္ကရာဇ် ''

"ဟမ် ''

"ကျွန်တော့်နာမည် သက္ကရာဇ် ''

တည်တံ့မောင် ကြောင်,အသွားသည် ။
တစ်ဆက်တည်းမှာပဲ ပျော်ရွှင်မှုက အလုံးအရင်းနှင့်ဝင်လာခဲ့သည် ။

*အခု သက္ကရာက..... သက္ကရာက စကားပြောလိုက်တာမလား...သက္ကရာက တကယ်ကိုစကားပြောလိုက်တာပဲ *

တည်တံ့မောင် တကယ်ပင်ပျော်ရွှင်ပြီး စိတ်ထဲ၌ လက်သီးလက်မောင်းတန်းလိုက်မိသည် ။
သူ့ရဲ့ပထမဆုံး selective mutism လူနာလေးက စကားပြန်ပြောနိုင်ပြီတဲ့လေ ။

တည်တံ့မောင် ဝမ်းသာအားရနှင့် သက္ကရာကိုကြည့်လိုက်တော့ မေ့မြောနေတာကြောင့် သက္ကရာကို မနိုင်မနင်းတွဲ၍ ဆေးခန်းသို့သာပြန်ခေါ်လာခဲ့သည် ။
.
.
.
.
.
.
.
"ဆရာ ဆရာ သက္ကရာ ဘယ်လိုဖြစ်တာလဲ!!! "

ဆေးခန်းထဲကို အလောတကြီးဝင်လာတဲ့ဥာဏ်အား တည်တံ့မောင်ကြည့်လိုက်မိသည် ။
သက္ကရာရဲ့အုပ်ထိန်းသူမို့လို့ ဥာဏ်ကို တည်တံ့မောင်က phဆက်ခေါ်လိုက်ခြင်းပင်ဖြစ်သည် ။
၅မိနစ်ပင်မကြာလိုက် ရောက်ချလာသော ဥာဏ်ကြောင့် တည်တံ့မောင် မျက်ခုံးတော့ပင့်မိသည် ။

*ဒီကောင်လေးက သက္ကရာကိုတော့ အတော်ချစ်ရှာသားပဲ *

"ဥာဏ် ထိုင်ဦးလေ အကိုသက္ကရာအကြောင်း နည်းနည်းပြောချင်လို့ပါ ''

"ဟုတ်ကဲ့ဆရာ ''

တည်တံ့မောင်က ခုံတစ်ခုပေးသောကြောင့် ဥာဏ်က ခေါင်းညိတ်ပြရင်း ဝင်ထိုင်လေသည် ။

"အကို့ကို ဆရာလို့မခေါ်ပါနဲ့ ငယ်သွေး သူငယ်ချင်းပဲဆိုတော့ အကိုလို့ပဲခေါ်ပါ ဥာဏ် ''

"ဟုတ်ကဲ့ အကို ''

ပြောရမယ့်စကားတွေကများလွန်းသောကြောင့် ဘယ်ကစပြောရမှန်းပင်မသိ၍ တည်တံ့မောင် ခေါင်းထဲ၌ ပြောရမည့်စကားများအား အနည်းငယ် စီစစ်နေမိသည် ။
ထို့နောက် တည်တံ့မောင်က ကုတင်ပေါ်၌ လှဲနေသော သက္ကရာအား တစ်ချက်ကြည့်ပြီး

"အင်း အကို ပထမဆုံးပြောချင်တာက သက္ကရာ စကားပြန်ပြောနိုင်နေပြီ ''

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now