29.(Ending)

4.4K 119 29
                                    


"သက္ကရာလေး အပြင်မှာအေးနေတယ်လေ အနွေးထည်ပါးပါးလေးဝတ်ထားရလားကွာ ''

စိုးရိမ်ပူပန်နေတဲ့အသံတစ်ခုနှင့်အတူ အနွေးထည်ခပ်ထူထူတစ်ထည်က သက္ကရာရဲ့ကိုယ်ပေါ်၌ လွှမ်းခြုံလာတာမို့ လှည့်ကြည့်လိုက်တော့ သူ့ကိုစိုးရိမ်သလို ကြည့်နေတဲ့ ကိုကို့ကိုတွေ့ရသောကြောင့် အသိအမှတ်ပြုသည့်သဘောနှင့် တစ်ချက်ခေါင်းညိတ်ပြလိုက်ကာ ဖတ်လက်စ စာအုပ်ကို ပြန်ဖတ်နေလိုက်သည် ။

သက္ကရာ ဒီနေရာလေးကို အရမ်းသဘောကျပါသည် ။
အအေးပိုင်းဒေသဖြစ်တာမို့ ၁၂ရာသီချမ်းစိမ့်နေပေမယ့် နေလို့ထိုင်လို့ကောင်းသည် ။
ပျင်းတဲ့ရက်တွေဆို သက္ကရာက အခုလိုမျိုး ခြံထဲဆင်းကာ စာအုပ်တစ်အုပ်ထိုင်ဖတ်နေတတ်သည် ။
ဥာဏ်ရဲ့ အလုပ်ပိတ်ရက်တွေဆိုရင်တော့ ဥာဏ်နဲ့အတူ အနီးနားက တောင်ကုန်းလေးပေါ်သို့ လမ်းလျှောက်တတ်ကြသည် ။

"သက္ကရာ ဗိုက်ဆာနေပြီလား ဟင်းတွေအကုန်ကျက်နေပြီနော် မနက်က သက္ကရာကြိုက်တဲ့ ပန်းသစ်တော်တွေတောင်ဝယ်ခဲ့သေးတယ် ထမင်းစားပြီးရင် ကိုကိုခွဲပေးမယ်နော် ''

"ဟုတ် ရပါတယ် ''

မပွင့်တပွင့်လေးပြောကာ စာအုပ်ဆီသို့အာရုံပြန်စိုက်နေသော အေးချမ်းသော မျက်နှာလေးနှင့် သက္ကရာအားကြည့်ကာ ဥာဏ် ခပ်ရေးရေးပြုံးလိုက်သည် ။

အရှုပ်အထွေးတွေအားလုံးပြီးတဲ့နောက်မှာ သက္ကရာနဲ့အတူ ဒီအေးချမ်းတဲ့တောင်ပေါ်ဒေသလေးမှာ ဇာတ်လာမြုပ်နေခဲ့ကြသည် ။

သက္ကရာက အဲ့ဒီနေ့သောင်းကျန်းပြီးထဲက ဟိုးအရင်က သက္ကရာပုံစံပြန်ရောက်လာပြီး သူ့ဘာသာ အေးအေးဆေးဆေးနေတော့သည် ။
အဲ့ဒီနေ့ကအကြောင်းကို စဥ်းစားမိတိုင်း ဥာဏ့်လုပ်ရပ်တွေ မှန်ရဲ့လားဟု ခဏခဏပြန်တွေးနေမိသည် ။

#Flashback starts

သွေးကြောများပေါက်ထွက်မတက်ဖြစ်နေသော မျက်ခမ်းစပ်များနှင့် နီရဲနေသော မျက်လုံးတစ်စုံနှင့်အတူ အိမ်ပေါ်သို့ ဝုန်းဒိုင်းကြဲကာတက်လာသော သက္ကရာဇ်ကြောင့် ဥာဏ် အနည်းငယ်တော့ လန့်သွားရသည် ။
ကြည့်ရတာ ကိုတည်တံ့နဲ့တွေ့လာပြီးပြီထင်တယ်...

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now