23.

910 56 3
                                    


ကားဟွန်းတီးသံများဆူညံနေသော ကတ္တရာလမ်းမကြီး၏ဘေး၌ သက္ကရာဇ် ခြေစုန်ရပ်နေမိသည် ။
ပူပြင်းသောနေရောင်ခြည်အောက်၌ ဆူညံလှသော အသံများနှင့် အရှိန်ပြင်းပြင်းမောင်းနှင်နေကြသော ကားများမှာ သက္ကရာဇ်ရှေ့မှ တစ်စီးပြီး တစ်စီးဖြတ်ကျော်သွားကြသည် ။

ခြေစုံရပ်နေတဲ့နေရာကနေ ခြေတလှမ်းထပ်လှမ်းလိုက်ရင်တော့ ကားလမ်းမအစွန်သို့ရောက်သွားလိမ့်မည် ။
ပြီးတော့ နောက်ထပ် သုံးလှမ်းလောက်ထပ်လှမ်းလိုက်ရင်တော့ အရှိန်ပြင်းပြင်းမောင်းလာတဲ့ကားတစ်စီး၏ ဝင်တိုက်ခြင်းကို ခံရလိမ့်မည် ။

သက္ကရာဇ် စိတ်ထဲ၌ တွက်ချက်ကြည့်လိုက်ပြီး မျက်လုံးစုံမှိတ်ကာ အသက်ကိုပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်သည် ။
ထို့နောက် ညှို့မှိုင်းသော မျက်ဝန်းအစုံပြန်ပွင့်လာသည့်နောက် နှုတ်ခမ်းထက်၌ မဲ့ပြုံးကိုပါ ပန်ဆင်လိုက်သည် ။

*သေမယ်.....လူတိုင်းလိုချင်နေကြတဲ့ သက္ကရာရဲ့ ခန္ဓာကိုယ်ကို ဖျက်စီးပစ်မယ်....နောက်ဘဝကျ သက္ကရာဇ်အဖြစ် သီးသီးသန့်သန့် ပြန်မွေးဖွားမယ်....

မောင့်ကိုခွင့်လွှတ်အချစ်ရယ်....သူတို့က အချစ်နဲ့မောင့်ကို ခွဲချင်နေကြတာ....သက္ကရာဆိုတဲ့ကောင်ကလဲ အချစ်ကို သဘောကျနေတယ်တဲ့ ဘယ်လောက်တောင် ရဲတင်းလိုက်လဲ...ရာရာစစ မောင့်အချစ်ကို သူကမှန်းရဲသေးတယ်....မောင်ကအတ္တကြီးတယ် အချစ်....အချစ်ကို မောင်မှ မပိုင်ရရင် ဘယ်သူ့မှမပိုင်စေရဘူး.....*

သက္ကရာဇ် ခိုင်မာစွာ ဆုံးဖြတ်ချက်ချပြီးနောက် ရှေ့သို့ခြေတလှမ်းတိုးလိုက်သည် ။

တီ........တီ...............ကျွီ............

"ဟေ့ကောင် ငါ-ိုးမသား သေချင်ရင် တခြားနေရာမှာသွားသေ လမ်းမပေါ်တက်ပြီး စောက်အမှုလာပတ်အောင် မလုပ်နဲ့ ''

လမ်းမပေါ်သို့ခြေချရပ်နေသော သက္ကရာဇ်ကြောင့် အရှိန်နှင့်မောင်းနှင်လာသောကားမှာ ဘရိတ်ကိုခပ်ပြင်းပြင်းဆွဲချ၍ သက္ကရာဇ်ကို ရှောင်လိုက်ရသောကြောင့် လမ်းဘေး၌ ထိုးရပ်သွားသည် ။
ထို့နောက် ကားပေါ်ကလူမှ သက္ကရာဇ်ကို ဒေါသထွက်စွာ ဆဲရေးတိုင်းထွာ၍ ကားကို ခပ်ကြမ်းကြမ်းပြန်လည်မောင်းထွက်သွားသည် ။

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now