15.

1.1K 86 1
                                    


ဥာဏ်တစ်ယောက် ခြံထဲ၌ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ သက္ကရာ ပြန်အလာကိုမျှော်နေမိသည် ။
အကို တည်တံ့မောင်က phဆက်မှ သက္ကရာ ပဲခူးဘက်ကို ပါသွားမှန်းသိရသည် ။

*တကယ်ဆို သက္ကရာက သူ့ကိုပြောသွားသင့်တာလေ... သက္ကရာရဲ့ အုပ်ထိန်းသူက သူပဲဟာကို...အခုတော့ သက္ကရာက သူအလိုလိုမှန်းသိလို့ သူ့ကိုလုံးဝဂရုမစိုက်ဘဲ လုပ်ချင်ရာလုပ်နေတာပဲ....ပြန်လာပါစေဦး ဒီတစ်ခါတော့ ကောင်းကောင်းဆူပစ်ရမယ် *

ဥာဏ် စဥ်းစားနေတုန်း ခြံရှေ့သို့ ကားတစ်စီး လာရပ်သောကြောင့် တံခါးအပြေးသွားဖွင့်လိုက်သည် ။
ကားပေါ်က ဆင်းလာတဲ့ သက္ကရာက အကို တည်တံ့မောင်ကို ပြုံးရယ်ကာ တာ့တာပြနေသည် ။

*နေပါဦး အခု သက္ကရာက အကို တည်တံ့မောင်ကို စကားပြောနေတာလား *

ဥာဏ် အံ့သြလွန်း၍ အကိုတည်တံ့မောင် ကားနားဆီသို့ သွားလိုက်သည် ။

"အကို သက္ကရာကို ပြန်လိုက်ပို့တာလား ''

"ဟုတ်တယ် မိုးချုပ်နေလို့လေ အကို လိုက်ပို့လိုက်တာ ဥာဏ် စိတ်ပူနေမှန်းလဲသိလို့ ''

"ဟုတ်ကဲ့ အကို စိတ်ပူတာကတော့ တော်တော်စိတ်ပူနေတာ ဒီကလေးက မပြောမဆိုနဲ့သွားတာလေ ''

ဥာဏ်က သက္ကရာကို လှမ်းကြည့်၍ ဆူသလိုလေးပြောလိုက်သည် ။
တည်တံ့မောင်ကတော့ ရယ်နေလေသည် ။

"ကဲ ဒါဆို အကို သွားတော့မယ်နော် ''

"ဟုတ်ကဲ့အကို ''

"သက္ကရာဇ် အကိုသွားပြီနော် ''

"မနက်ဖြန်တွေ့မယ် ခင်ဗျား ''

တည်တံ့မောင်ကားလေးမောင်းထွက်သွားပြီးနောက် သက္ကရာဇ်က ဥာဏ်ကို ခပ်စူးစူးတစ်ချက်ကြည့်ပြီး အိမ်ထဲသို့ ဝင်သွားသည် ။

*နေပါဦး သက္ကရာက စကားပြောနိုင်နေပြီပေါ့ ပြီးတော့ ပြီးတော့ အကို တည်တံ့မောင်က သက္ကရာကို ဘယ်လိုခေါ်သွားတာလဲ သက္ကရာဇ်ဆိုလားပဲ *

ဥာဏ် တွေးရင်း စိတ်ရှုပ်ထွေးလာပြီး ခြံတံခါးပိတ်ကာ သက္ကရာနောက်သို့ အမြန်ပြေးလိုက်ရသည် ။
သူ ဒီနေ့ သက္ကရာကို ဆူရမည် ။

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now