27.

928 61 1
                                    


ကော်ဖီဆိုင်လေး၏ အစွန်းဆုံးကျသောဝိုင်း၌ ထိုင်ကာ အပြင်ဘက်သို့ မျက်လုံးသေများဖြင့် ငယ်သွေး ငေးကြည့်နေမိသည် ။
သူ(မ)အရှေ့၌ အေးစက်စက်ကော်ဖီတစ်ခွက်နှင့် မလှုပ်မယှက်ငြိမ်သက်ကာ ခေါင်းငုံ့ထားသော လူတစ်ယောက်ရှိသည် ။

"မမငယ်သွေး ကျွန်တော့်ကို ဘာပြောမလို့လဲဟင် "

အတန်အနည်းငယ်ကြာသည်အထိ တိတ်ဆိတ်နေသောလေထုအား သက္ကရာမှ စတင်ဖြိုခွဲလိုက်သည် ။

ကော်ဖီခွက်၏ အနားသတ်ဘောင်လေးအား လက်ညှိုးလေးဖြင့် ဖွဖွလေးဖိပွတ်လိုက်ရင်း ငယ်သွေးတစ်ယောက် ပြောမည့်စကားများကို ခေါင်းထဲ၌ စီနေမိသည် ။

"ကိုကို့ကို ကျေးဇူးပြုပြီး လက်လွှတ်ပေးပါ ''

ကြေကွဲရိပ်စွန်းနေသော အက်ရှရှအသံတစ်ခုကိုကြားလိုက်ရသည့်နောက် သက္ကရာ ခန္ဓာကိုယ်တစ်ခုလုံး ကျင်တက်သွားသလို ခံစားလိုက်ရသည် ။

*သူနဲ့အကို့အကြောင်းကို သိသွားကြပြီလား *

"တို့ ဒီလိုတွေမပြောချင်ပေမယ့် မင်းသာ ကိုကို့ကိုလက်မလွှတ်ပေးရင် ကိုကို့ပတ်ဝန်းကျင်မှာ ကိုကို့ဂုဏ်သိက္ခာတွေရစရာမရှိဖြစ်ရတော့မယ်"

သက္ကရာ ပြန်လည်ခြေပစရာ စကားလုံးများကို အသည်းအသန်လိုက်ရှာမိသော်လည်း တစ်လုံးတစ်ပါဒမျှရှာမတွေ့သောကြောင့် ခေါင်းကိုသာ ငုံ့ထားမိသည် ။

"ကိုကို့ကို တခြားဘယ်မိန်းမနဲ့မဆို တို့ရင်နာနာနဲ့လက်ခံပေးလိုက်လို့ရသေးတယ် ဒါပေမယ့် မင်းကိုတော့ ဘယ်လိုမှလက်သင့်မခံနိုင်ဘူး ကိုကို့အနားမှာ မင်းရှိမနေသင့်ဘူး မင်းက ကိုကို့ကို ဂုဏ်သိက္ခာကျဆင်းအောင်လုပ်မယ့်သူမျိုးဆိုတာ ကိုယ့်ကိုယ်ကိုယ် သိတယ်မလား အဲ့ဒါမို့ ကိုကို့ကို လက်လွှတ်ပေးပါ တို့တောင်းဆိုပါတယ် ''

စကားလုံးတိုင်းကရက်စက်လှပါသည် ။
အကို့အကြင်နာတွေ ၊ အနမ်းတွေကို ရက်ပိုင်းလောက်သာရဖူးပေမယ့် အကို့ကို လက်မလွှတ်ပေးနိုင်တော့တာ ဘယ်လိုလုပ်ရမလဲဗျာ.....

"ကျွန်တော်.......ကျွန်တော် အကို့ကိုချစ်တယ် မမငယ်သွေး ကျွန်တော် လက်မလွှတ်နိုင်ဘူး ''

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now