18.

966 70 1
                                    


"ဟင်! သက္ကရာဇ် ဘယ်ကနေ ဘယ်လို ''

"အလုပ်သမားက အလုပ်ကိုလာတာ ထူးဆန်းလို့လား ''
တစ်ပတ်လောက်ပျောက်ချက်သားကောင်းနေတဲ့ သက္ကရာဇ်က အခုမှပေါ်လာသောကြောင့် တည်တံ့မောင်မေးမိတော့ ဘုနဲ့ဘောက်ပြန်ဖြေလာသည် ။

အရင်က ဆေးခန်းရောက်ရင် တည်တံ့မောင်အနားကပ်ထိုင်ပြီး လူနာတွေနဲ့စကားပြောရင်ပြော မဟုတ်ရင် တည်တံ့မောင်ကို ထိုင်ကြည့်နေတတ်တဲ့ တည်တံ့မောင်ရဲ့အလုပ်သမားလေး သက္ကရာဇ်က အခုတော့ တကယ်ပင်အလုပ်လုပ်နေသောကြောင့် တည်တံ့မောင် ခိုးကြည့်နေမိသည် ။

မျက်နှာကြီးတည်ကာ စီပြီးသားဆေးဘူးတွေကို ပြန်စီပြီး မရှိတဲ့ဖုန်တွေကို ကြက်မွှေးတံမြက်စီးဖြင့်လိုက်လှဲနေသော သက္ကရာဇ်ကြောင့် တည်တံ့မောင် ကျိတ်ရယ်လိုက်သည် ။

"အဟမ်း ''

"အဟမ်း အဟမ်း! ''

"အဟမ်း အဟမ်း အဟမ်း အဟွတ်! "

မိမိကို သတိထားမိအောင် လုပ်ချောင်းဆိုးပြနေသော်လည်း လှည့်မကြည့်သော သက္ကရာဇ်ကြောင့် ခဏခဏလုပ်ချောင်းဆိုးနေရာမှ တည်တံ့မောင် တံတွေးပင်သီးသွားရသည် ။

"ရော့ ချောင်းဆိုးလွန်ပြီး သေသွားလို့ ကျွန်တော်နဲ့ မညားလိုက်ရဘဲနေဦးမယ် ''

သက္ကရာဇ်ပေးသော ရေဘူးကို ကောက်ယူကာ အမြန်မော့သောက်လိုက်ရသည် ။ မဟုတ်ရင် သက္ကရာဇ်ပြောသလို တကယ်ပင်သေတော့မလို့...

ရုပ်တည်ကြီးနဲ့ တည်တံ့မောင်ကိုပြောဆိုပြီး အလုပ်ဆက်လုပ်နေသော သက္ကရာဇ်အား တည်တံ့မောင် ရေသောက်နေရင်းနှင့် မသိမသာအကဲခက်ကြည့်ရသည် ။
တကယ်ကြီးကို တည်တံ့မောင်ကို အရေးမစိုက်နေတာပဲ...

"သက္ကရာဇ် ''

သူ့နာမည်ခေါ်လိုက်တော့ ဘာလဲဆိုတဲ့ သဘောဖြင့် သက္ကရာဇ်က မော့ကြည့်လာသည် ။

"အကို ဒီတိုက်ရဲ့ ဒုတိယထပ်မှာ ပြောင်းနေ,နေပြီ အခန်းငှားနေတာလေ အိမ်နဲ့ဆေးခန်းကဝေးတော့ နီးနီးနားနားရှိအောင် ငှားနေလိုက်တာ ''

"ဒါပဲမလား ''

"ဟမ် ''

"ပြောချင်တာ ဒါပဲမလားလို့! အလုပ်ဆက်လုပ်မလို့ ''

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Where stories live. Discover now