Chapter 2

2.7K 233 3
                                    

Banထားတဲ့အချိန်ပြည့်သွားတဲ့syetemဟာ ရူးသွပ်စွာမြည်လာခဲ့တယ်။

^^အသိပေးပါတယ်host။အသိပေးပါတယ်။Targetရဲ့လမ်းညွှန်ရပါပြီ။ဒီမှာ အချက်အလက်တွေပါ။ကျေးဇူးပြုပြီးလက်ခံပေးပါ။^^

Systemရဲ့အသိပေးခြင်းပြီးဆုံးတာနဲ့တစ်ပြိုင်နက် ရှစ်ယွီရဲ့စိတ်ထဲမှာ အချက်အလက်တွေကတစ်သီကြီးပေါ်လာတော့တယ်။

အမည်-Yu Xuanfeng
အလုပ်အကိုင်-Tianxing Group President
အသက်-28
အရပ်အမြင့်-190cm
Personality-cold personality

သူက တိတ်တဆိတ်ပဲဖတ်နေလိုက်တယ်။သူဖတ်လို့မပြီးခင်မှာပဲ အချက်အလက်တွေက ရုတ်တရက် autoပိတ်သွားတယ်။
သူက ထပ်ဖွင့်ဖို့ကြိုးစားပေမယ့် ခွင့်ပြုချက် မရဘူးပဲဖြစ်နေတော့တယ်။

"ဟမ့်!အမှိုက်သရိုက်ပဲ"

ရှစ်ယွီကsystemကို ကြိမ်ဆဲလိုက်တယ်။ဒါပေမယ့် သူ့အသံကအကြယ်ကြီးမဟုတ်ပါဘဲ သူ့ဘေးကနှစ်ယောက်ကတော့ကြားလိုက်ရတယ်။

"အာ....ဒါကနားလည်မှုလွှဲတာပါ။နားလည်မှုလွှဲတာပါ။ကျုပ်က အမှိုက်နှစ်ခုလို့ပြောတာမဟုတ်ဘူး။ဒီမှာအားလုံးက အမှိုက်သရိုက်တွေပဲလေ...."

ရှစ်ယွီကရှင်းပြချင်ပေမယ့် ​
သူထိုအကြောင်းစဥ်းစားလေလေ သူ့စကားတွေက ပိုပြီး မဆီလျှော်ဖြစ်လေလေ ဖြစ်လာမယ်ဆိုတာသူသိတယ်။ထိုအချိန်မှာတော့ CEO Yu Xuanfeng ရဲ့မျက်နှာဟာ ထမင်းအိုးဖင်ထပ်တောင်မဲမှောင်နေပြီ။

"မင်းအဆင်ပြေလား"

Yu Xuanfeng က သူ့သားကိုကြည့်ပြီးအေးစက်စွာမေးလိုက်တယ်။

"ခင်ဗျားအပူတစ်ပြားမှမပါဘူး"

​ယွီရင်ချိုက လဲ အေးစက်စက်ပြန်ဖြေပြီး
သူ့လက်ကောက်ဝတ်ကိုဖိကိုင်လိုက်ကာ ခေါင်းကိုငုံ့ထားလိုက်တယ်။ရှစ်ယွီဟာ ယွီရင်ချိုက လက်ကိုဆွဲဆန့်နေတာကိုစောင့်ကြည့်နေပြီး အကူညီမဲ့စွာနဲ့ နောက်ကိုဆုတ်မိလိုက်တယ်။ယွီရင်ချိုက သူ့ကို ရိုက်ချင်နေတယ်ဆိုတာ သံသယ​ြဖစ်စရာမလိုဘူးမဟုတ်လား။

Yu Xuanfeng ကတော့ သူ့သားရဲ့ အေးစက်တဲ့တုံ့ပြန်မှုကိုရလိုက်တဲ့အတွက် ခံစားချက္မဲ့နေမိတယ်။သူက ရှစ်ယွီကို အေးစက်လှတဲ့အကြည့်နဲ့ထပ်​ပြီးကြည့်လိုက်တယ်။

Attract Villains' DaddyWhere stories live. Discover now