C 54-6

559 72 5
                                    

C 54

တကယ်တော့ ယွီရင်ချိုဆိုတာ အမြဲ မနက်စာပေးခံနေရတဲ့လူတစ်ယောက်။သူစိတ်ကြီးတာကိုသိပြီး သူနဲ့ပြေပြေလည်လည်ရှိနေချင်တဲ့အတန်းသားတစ်ချို့က သူမလာခင်အရင်ကြိုရှင်းထားပြီးသား။

ဒီနေ့မှ မမျှော်လင့်စွာပဲ သူက အစောကြီးရောက်ချလာတာဖြစ်တယ်။

သို့ပေသိ သူတကယ်စိတ်ဆိုးနေရတဲ့အကြောင်းကတော့ အိမ်ကခံစားခဲ့ရတဲ့မကျေနပ်ချက်တွေက သူ့ခုံပေါ်ကမနက်စာတွေကိုမြင်ပြီးပေါက်ကွဲထွက်လာခဲ့တာဖြစ်တယ်။
ခုတော့ လောင်လုလောင်ချင်ဖြစ်နေတဲ့ သူ့ရဲ့ဒေါသမီးကလေးကို တစ်ခြားသူက လောင်စာဆီထပ်ဖြည့်ပေးလိုက်သလိုပါပဲ။

ရွှီအန်းလို့ခေါ်တဲ့ စာသင်ခန်းဝင်လာတဲ့ဆရာမကတော့ ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး ဒေါသတကြီးကြိမ်းမောင်းတော့တယ်။

"ယွီရင်ချို့!မင်း....,.မင်းမတွေးမိဘူးလားမင်းအဖေက....."
သူမက တစ်စုံတစ်ခုကိုဆက်လက်ပြောချင်နေပေမယ့် ဒေါသတကြီးနဲ့ပဲ ပြန်ပြောလာတယ်။
"လာခဲ့စမ်း။ငါနဲ့ရုံးခန်းလိုက်ခဲ့။ပြီးရင်မင်းမိဘတွေကိုခေါ်လိုက်"

..,.......

ရှစ်ယွီတစ်ယောက် အပြင်သွားမလို့ချိန်နေစဉ်မှာ နောက်ထပ်ဖုန်းမြည်လာတဲ့လေတယ်။
အစကတော့ သူက ဘာမှဂရုမစိုက်ပဲ ပေါ့ပေါ့ပါးပါးဖုန်းကိုင်လိုက်ပေမယ့်

"Hello,how are you? အ့ဘက်က ယွီရင်ချိုရဲ့မိဘဖြစ်သူလားရှင့်။ကျမရှင့်ကိုဒုက္ခပေးရတော့မယ်။ရှင် ကျောင်းကိုလာခဲ့ပေးလို့ရမလား။ရှင့်သားက....."

အလျင်စလိုနိုင်နေတဲ့ အမျိုးသမီးအသံတစ်ခုက သူ့စကားကိုဖြတ်ပြီးထွက်ပေါ်လာပြီး အကြောင်းအကာတွေအများကြီးပြောချသွားတယ်။

အကုန်လုံးကိုရှင်းရှင်းလင်းလင်းနားမလည်လိုက်သော်လည်း နောက်ဆုံးမှာတဲ့ devilဆိုးပေလေးက ကျောင်းမှာပြဿနာဖြစ်နေပြီဆိုတာကို ကောက်ချက်ချနိုင်လိုက်တယ်။

"ဒါက... မစ္ရွှီ..ကျနော်ခုမအားသေးဘူးခဗျ။
သူ့ကို ကြည့်...."

"ရှင်မအားတာတွေအားတာတွေကျမဂရုမစိုက်ဘူး။ရှင်အခုချက်ချင်းကျောင်းကိုလာပေးပါ။မိဘတစ်ယောက်အနေနဲ့ ရှင်က တစ်ခါမှအစည်းအဝေးမတတ်ဖူးသလို ဖုန်းတစ်callတောင်ပြန်မဖြေခဲ့ဘူး။အခု ရှင့်ကိုဖမ်းမိတော့လဲ မအားဘူးပေါ့လေ။ကှင့်ကလေးရဲ့ပညာရေးက ပိုက်ဆံရှာတာထက်ပိုပြီးအရေးကြီးပါတယ်Mr.ယွီ။ရှင်..."
(လေအိုးဟ)

Attract Villains' DaddyWhere stories live. Discover now