21

520 58 0
                                    

AVD 21

သူ့ကို ငရဲသို့​ေစလွှတ်နိုင်မယ့် ယွီရှန်ဖုန်းရဲ့ စကားလုံးများကို ထိတ်လန့်စွာစောင့်စားရင်း ရှစ်ယွီက စိတ်သက်သာယာရစေမယ့် အကြောင်းပြချက္မျိုးစုံကို တွေးတောနေတော့တယ်။

အချိန်တစ်ခုကြာသွားတဲ့အခါ တံခါးမှာရပ်နေသောရှစ်ယွီက သူ့ကို အထဲဝင်စေချင်တဲ့အရိပ်အယောင်ရှိမနေတဲ့အတွက် ယွီရှန်ဖုန်းက အဓိကခန်းမထဲကိုပ ဲ လျှောက်လှမ်းသွားလိုက်တယ်။

"ဘာလဲဟ"

ရှစ်ယွီပတ်လည်မှာ မေးခွန်းတွေဝိုင်းဝိုင်းလည်နေတော့တာပါပဲ။ဘာဖြစ်သွားမှန်း သူလဲလိုက္္မမှီနိုင်ဖြစ်နေတယ်။

"ဒီကိုလာခဲ့"

နောက်က လိုက်လာတဲ့ခြေသံတစ်စုံတစ်ရာမကြားရတဲ့အခါ ယွီရှန်ဖုန်းက ခဏလောက်ရပ်ပြီး အေးစက်စွာပြောလိုက်တယ်။ထို့နောက် ရှစ်ယွီမှီလာတဲ့အထိစောင့်မနေပဲ ဆိုဖာပေါ်မှာထိုင်လိုက်တယ်။

သေချာတာပေါ့။သူက တမင်သက်သက် ရှစ်ယွီထိုင်ဖို့နေရာချန်ထားလိုက်တယ်လေ။

ယွီရှန်ဖုန်းစကားကိုကြားတဲ့အခါ ရှစ်ယွီတုန်လှုပ်သွားပြီး ကြက်သေသေသွားတော့တယ်။ဒါပေမယ့်ခဏပါပဲ။ထိုလူက ဆိုဖာပေါ်ထိုင်လိုက်တာကိုမြင်တော့ အမြန်ပြေးသွားလိုက်ရတော့တယ်။

"အစ်ကိုကြီး။ခင်ဗျားကျနော့်ကိုတစ်ခုခုပြောချင်လား"

ရှစ်ယွီဟာ ထိုလူရဲ့ဘေးမှာထိုင်ကာ စိတ်လှုပ်ရှားစွားဖြင့် ထိုလူ့လက္မောင်းကို ဆုပ်ကိုင်ထားလိုက်တယ်။

ပတ်ဝန်းကျင်လေထုအေးစက်လာတာကိုသတိပြုမိပြီး ရှစ်ယွီဆွံ့အသွားပြန်တယ်။နောက္မှ ချက်ချင်းသဘောပေါက်ကာ ထိုလူရဲ့လက်တွေကိုလွှတ်ပေးလိုက်တော့တယ်။
(So sad ကလေးရေ😂😂)

သူ့ရဲ့မသိစိတ်အရ သူက ထိုလူနဲ့ နဲနဲလှမ်းတဲ့နေရာမှာထိုင်လိုက်တော့ လေထုထဲက အေးစက္မှုတွေကလဲ သိသိသာသာ လျော့ကျသွားတော့တယ်။

"ဒီလူတအားကြောက်ဖို့ကောင်းတာပဲ"လို့ရှစ်ယွီညည်းညူလိုက်ပေမယ့် ဖော်လံဖားအပြုံးကတော့ချိတ်ဆွဲထားတုန်းပါပဲ။

Attract Villains' DaddyWhere stories live. Discover now