29

468 59 0
                                    

AVD 29

"သွားစမ်းပါ။ဘယ်သူကဒါတွေစားချင်နေမှာလဲ"

ယီရင်ချိုက တကယ်ကြီးဒေါသထွက်နေတာဖြစ်တယ်။သူ့ရှေ့ပန်းကန်လာချတော့ သူလက်နဲ့ရမ်းပစ်လိုက်တာပဲ​ြကည့်။

ယာဂုပန်းကန်လေးကတော့ ကြမ်းပြင်ပေါ်ကျပြီး အပိုင်းပိုင်းအစစဖြစ်ကုန်တော့တယ်။ဝက်ပေါင်ခြောက်ဖက်ကလေးတွေလဲ လွှင့်ကုန်ပါပြီ။ခုမှယွီရှန်ဖုန်း အကျီတွေလဲလာတဲ့ ရှစ်ယွီကိုလဲ ယာဂုတွေစင်ကုန်တော့တယ်။

"မင်း...သေနာ...."

သူ ကြမ်းပြင်ပေါ်က အမိှုက်တွေကိုကြည့်ပြီး ချက်ချင်းဒေါသဖြစ်လာတော့တယ်။သူ ဒေါသထွက်လာလာခြင်းပဲ system ပြောထားတာတွေသတိရသွားတော့တယ်။

မယားကောင်း၊မိခင်ကောင်းဖြစ်ရမယ်!

သူက အသက်ပြင်းပြင်းရှူပြီး သူ့ဒေါသတွေကိုဖိနှိပ်လိုက်ရတယ်။စိတ်ကိုဆွဲဆန့်ပြီး သူ့ရှေ့နောက်ထပ်တစ်ပန်းကန်ချပေးကာပြောလိုက်တယ်။
"မင်းမှာအစွမ်းအစရှိရင် ငါ့ကို ကြိုးစားခွင့်ပေးပါလား"

သူ့ရှေ့ထပ်ရောက်လာတဲ့ယာဂုပန်းကန်ကိုကြည့်ကာ သူလက္မြှောက်လိုက်တဲ့အချိန် ရှစ်ယွီအော်လိုက်တယ်။

"ဒါလင်"

"ဘာလဲ"

ဒီရုတ်တရက်အော်သံကြောင့် သူရှော့ခ်ရသွားတယ်။သူလက္မြှောက်ရုံရှိသေး အမည်မသိလူက သူ့အဖေလက္မောင်းကြားရောက်သွားတာကိုတွေ့လိုက်ရတယ်။

"ကြည့်..ကြည့်...ကျနော့်သားက ကျနော့်ကိုအနိုင်ကျင့်နေတယ်။သူ့ကိုလုပ်ပါဦး။ကျနော် သူ့အတွက္မနက်စာကိုကြိုးကြိုးစားစားပြင်ပေးထားရတာ။မနက်အစောကြီးလဲထရတယ်။တစ်ယောက်တည်းအလုပ်ရှုပ်ခံပြီးလုပ်ပေးရသေးတယ်။ဒါပေမယ့် သူကကျ.."

သူက
နာနာကျင်ကျင်ခံစားလိုက်ရသလိုမျိုး ယွီရှန်ဖုန်းရဲ့ အကျီကိုတင်းတင်းဆုပ်ကိုင်ကာ စိတ်ထိခိုက်ဟန်နဲ့အတွန့်တတ်လိုက်တယ်။

ယွီရှန်ဖုန်းကတော့ သူ့ဆီခုန်တတ်လာမယ်လို့မျှော်လင့်မထားတဲ့အတွက် ရှောင်တိမ်းချင်ပေမယ့်နောက်ကျသွားခဲ့ုပီ။ထိုအခိုက်အတန့်မှာပဲ သူ့ခန္ဓာကိူယ်က တောင့်တင်းသွားပြီး သူ့အပေါ်ကလူကိုတွန်းထုတ်ချင်မိတယ်။

Attract Villains' DaddyWhere stories live. Discover now