Chapter 20

561 58 0
                                    

AVD 20

"လာ.. လာ.. လာ..အစ်ကိုကြီး ဒီကိုလာထိုင်။ကျနော်တို့ဆွေးနွေးကြရအောင်"

ရှစ်ယွီက သူကဧည့်သည်ဆိုတာကိုမေ့​ေနပြီး အိမ်ကြီးရှင်တစ်ဦးလို တံခါးမှာရပ်နေတဲ့ယွီရှန်ဖုန်းကို နှုတ်ဆက်ပြီး ပျော်ရွှင်စွာမတ်တပ်ရပ်လိုက်တယ်။

သူက ထိုလူက နောက်တစ်ကြိမ်ထွက်သွားမှာကိုစိုးရိမ်တာရော၊ စိတ်လှုပ်ရှားတာရောပေါင်းသွားတဲ့အတွက် သူ့လှုပ်ရှားမှုတွေကအလျင်လိုနေခဲ့တယ်။အဆုံးမှာတော့ သူဝတ်ထားတာအကျီတွေမဟုတ်ဘဲ စောင်ပါးလေးတစ်ထည်ဆိုတာကိုပါမေ့သွားတော့တယ်။

ရုတ်တရက် လျော့ရဲရဲစောင်ပါးလေးဟာ ရှစ်ယွီလမ်းလျှောက်လိုက်တဲ့အခါ ပြေကျသွားပြီး သူကလဲ ထိုစောင်ပါးလေးကို ခလုတ်တိုက်ပါလေရော။သူ့ရဲ့မတည်ငြိမ်တဲ့ကိုယ်နေဟန်ထားကြောင့် သူက အကျ ယ်ကြီးအော်လိုက်ပြီး ရှေ့ကိုမှောက်ရက်လဲကျသွားတော့တယ်။

လဲကျနေဆဲမှာ
သူက သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ချင်ပေမယ့် သူ့အနားမှာ ထိန်းကိုင်စရာတစ်ခုတစ်လေမှ မရှိလေဘူး။ သူတွေးလိုက်တယ်။ဒီညတော့ငါကြမ်းခင်းနဲ့နှစ်ပါးသွားရတော့မှာပဲလို့။ဒါ့ကြောင့် သူအော်ပြောလိုက်တော့တယ်။
"အစ်ကိုကြီး....ကူပါဦး.."

ယွီရှန်ဖုန်းက ခလုတ်တိုက်ပြီး သူ့ဘက်ကိုမှောက်ရက်လဲကျလာတဲ့လူငယ်လေးကိုရှောင်တိမ်းလိုက်ပေမယ့် တစ္ဆေလွှင့်မတတ်အော်သံကြောင့် သူ့ခြေလှမ်းတွေနှေးကွေးသွားခဲ့တယ်။

ရလဒ်ကတော့ ရှစ်ယွီက သူ့ဆီပစ်ဝင်တာခံလိုက်ရတာပါပဲ။

ရှစ်ယွီက သူတော့ ကြမ်းခင်းနဲ့နှစ်ပါးသွားတော့မှာပဲလို့ထင်လိုက်ပေမယ့် မမျှော်လင့်ပဲ ယွီရှန်ဖုန်းလက္မောင်းကြားရောက်သွားတဲ့အခါ သူ့က အလွန့်အလွန် နှလုံးပီတိဂွမ်းဆီထိပြီး ရှိသမျှအားနဲ့ ထိုလူ့ကိုကပ်တွယ်ထားလိုက်တော့တယ်။

အစကတော့ ယွီရှန်ဖုန်းကလဲတည်တည်ငြိမ်ငြိမ်ပါပဲ။သို့သော် ရှစ်ယွီက သူ့ရှေ့တည့်တည့်မှောက်ရက်လဲကျလာတဲ့အခါ သူက လှမ်းလဲဖမ်းလိုက်ရော ရှစ်ယွီ သူ့ကို ကိုလာဝက်ဝံတစ်ကောင်လိုလဲဖက်တွယ်ထားသေးတယ်။နောက်ပြီး အတင်းတိုးဝှေ့လာတဲ့အတွက် နှစ်ဉီးသား အရှိန်မထိန်းနိုင်ပဲ လဲကျသွားတော့တယ်။

Attract Villains' DaddyWhere stories live. Discover now