22

480 60 0
                                    

AVD 22

^^ဟေ့..မင်းက ပိုပိုပြီးခေါင်းမာလာတော့တာပဲ။ဘာလို့ငါ့စကားနားမထောင်တာလဲ။ငါပြောမယ်။အရင်ဆုံး targetကိုအလဲထိုး ပြီးမှ အိပ်ရာပေါ်ကဓာတ်ပုံအနည်းငယ်ရိုက်လိုက်ပေါ့။ဒီနည်းက.^^

System စကားမဆုံးခင်မှာပဲ ရှစ်ယွီက နောက်တစ်ကြိမ်blockလိုက်တယ်။
သူကျိန်ပြောရဲတယ်။systemရဲ့စကားတွေသာထပ်ပြီးနားထောင်နေရင် သူထပ်ပြီးအရူးဖြစ်နေဦးမှာပဲ။

ဒီလိုမျိုးအခြေအမြစ်မရှိတဲ့အကြံကြီး။ဟွန့် အဆင်မပြေတာပြေတာအသာထား။အရင်ဆုံးယွီရှန်ဖုန်းကို သူက ဘယ်လိုလုပ်အိပ်ရာပေါ်ဆွဲခေါ်နိုင်မှာတဲ့လဲ။

"ယွီရင်ချိုက ခင်ဗျားရဲ့ သားအရင်းမဟုတ်တာကျနော်သိတယ်။သူက ခင်ဗျားအစ်မရဲ့သားမဟုတ်လား။လွန်ခဲ့တဲ့၁၄နှစ်က သူမက ကားအက်စီးဒန့်ဖြစ်ပြီးဆုံးသွားတာလေ။... "

သူပြောလို့မပြီးခင်မှာပဲ စားပွဲခေါက်နေတဲ့ ယွီရှန်ဖုန်းက ရှစ်ယွီဘက်လှည့်ပြီး အေးစက်စွာကြည့်လိုက်တယ်။

ရှစ်ယွီကလဲ ပြောနေတဲ့တစ်လျှောက် ယွီရှန်ဖုန်းကိုအကဲခတ်နေတာပါပဲ။ယွီရှန်ဖုန်းရဲ့ ရုတ်တရက်အပြူအမူကြောင့် သူက ထိတ်လန့်သွားပြီး ဘာမှထပ်မပြောရဲရှာတော့ဘူး။

ဒါတွေအကုန် system ကပေးထားတဲ့အချက်အလက်တွေပဲဆိုတာသိပေမယ့် ဒါကနောက်ဆုံးခိုးကိုးရာသာမဟုတ်ရင် သူလဲမစွန့်စားချင်ပါဘူးနော်။ဘာလို့ဆို သူဒါတွေထုတ်ပြောလိုက်တဲ့အတွက် ရလဒ်ကဘာဖြစ်လာမယ်ဆိုတာ သူလဲမသိဘူးလေ။

ယွီရှန်ဖုန်းက ဒီကိစ္စကို သေသေချာချာ​လေးကိုဖုံးထားတာဖြစ်တယ်။ သူက သူ့သားကိုသိပ်အလေးထားတဲ့အတွက် လူတိုင်းက သူတို့ကို သားဖအရင်းတွေလို့ပဲသိထားကြတာ။

နောက်ပြီး အ့ဒီတုန်းက သူက ၁၄နှစ်ပဲရှိသေးတာ။သူ့တူကို သူ့ဘေးထားဖို့ ဖိအားဘယ်လောက်တောင်ကြံ့ကြံ့ခံခဲ့ရမလဲတွေးသာကြည့်တော့။

လူတွေပြောကြတာက သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တာတဲ့။ဒါပေမယ့် ကလေးတစ်ယောက်အပြင် တခြားတစ်ယောက်ပါဆို ဘဝက သိပ်ကိုခက်ခဲမယ်တဲ့။
(သူပြောတာက မိန်းမနဲ့ကလေးနဲ့ဆိုရင် daddyက တအားငယ်သေးတာဆိုတော့ ပင်ပန်းမှာပေါ့)

Attract Villains' DaddyWhere stories live. Discover now