C 50

520 59 4
                                    

C 50
တံခါးရှေ့ မှောက်လဲသွားတဲ့ရှစ်ယွီလက်ထဲ တစ်စုံတစ်ခုကိုဆွဲကိုင်လျက်သားဖြစ်သွားသောကြောင့် ငုံ့ကြည့်လိုက်တဲ့အခါ ရေချိုးတဘက်တစ်ထည်ကို သူတွေ့လိုက်ရတယ်။

တစ်စုံတစ်ခုကိုအတွေးပေါက်သွားပြီးနောက် အပေါ်မော့ကြည့်လိုက်သော် မမြင်သင့်သောတစ်စုံတစ်ရာကိုတွေ့လိုက်ရလေသည်။
(🤣🤣)

ရေချိုးခန်းထဲမှာအဝတ်လဲလေ့မရှိသော
ယွန်ရှန်ဖုန်းဟာ ရေချိုးတံဘက်ကိုခန္ဓာကိုယ်တွင်ပတ်ပြီး ထိုအတိုင်းထွက်လာသည်က သူ့အကျင့်လိုဖြစ်နေပြီဖြစ်သည်။

သို့ပါသော်လဲ ယခုအချိန်တွင်တော့ သူ့တွင်အဝတ်အစားအနည်းငယ်မျှမရှိတော့ပါချေ။

တစ်ယောက်ကမတ်တပ်ရပ်လျက်ရှိနေပြီး ကျန်တစ်ယောက်က ကြမ်းပြင်ပေါ် ဒူးတစ်ဝက်ထောက်လျက်ရှိနေကာ နှစ်ယောက်သားဟာ ရှိုးတို့ရှန်းတန့်အခြေအနေကြီးတွင်ကျရောက်နေလေည်။

ရှစ်ယွီက ယွီရှန်ဖုန်းကိုမော့ကြည့်လိုက်ပြီး ဆဲရေးလိုက်ကာ ကပျာကယာနဲ့ ထဖို့ကြိုးစားလိုက်သည်။သို့သော် ကြမ်းပြင်ကချောနေတာကြောင့် နောက်တစ်ကြိမ်ပြန်လဲကျသွားလေသည်။

ကြမ်းခင်းနဲ့မိတ်ဆက် မိပြီပဲဆိုပြီးတွေးထားပေမယ့် နောက်ဆုံးတစ်စက္ကန့်မှာ တစ်စုံတစ်ဉီးရဲ့ဖမ်းယူခြင်းကိုခံလိုက်ရလေသည်။

ယွီရှန်ဖုန်းက ဖမ်းယူထာတဲ့အတွက် ယခုအချိန်မှာတော့ ရှစ်ယွီဟာ ထိူလူရဲ့လက္မောင်းကြား လဲလျောင်းမိနေတော့သည်။

"အမ်...ကျတော့်ကိုအရင်လွှတ်ပေးပြီး အဝတ်အရင်ဝတ်လိုက်ပါလား"

ရှစ်ယွီက သတိကြီးစွာဖြင့် ယွီရှန်ဖုန်းကို မော့ကြည့်လိုက်သည်။ ထိုလူက အမူအရာမရှိသောမျက်နှာသေနဲ့သာရှိနေတဲ့အတွက် သူတစ်ယောက်ထဲသာ ကိုးရို့ကားယာရှိနေလေတော့သည်။

ဘာပဲဖြစ်ဖြစ် သူကအရင် ခိုးကြည့်တဲ့သူဖြစ်တာကြောင့် ဒီလိုကိုးရို့ကားယားအ​ခြေအနေကြီးထဲကျရောက်ရတာပဲ။ယွီရှန်ဖုန်းက သူတောင်းဆိုတာကိုလက်ခံကောင်းပါရဲ့။

ရှစ်ယွိကိုလွှတ်ပေးလိုက်ပြီး အဝတ်မပါတဲ့ယွီရှန်ဖုန်းက ဘာကိုမှ ဂရုမစိုက်သည့်ပုံစံဖြင့် ရေချိးခန်းထဲကထွက်ကာ ကုတင်ဘေးက အဝတ်ဘီရိုဆီကိုလျှောက်သွားလိုက်ပြီး အဝတ်တစ်စုံထုတ်ယူလိုက်သည်။

Attract Villains' DaddyWhere stories live. Discover now