C 57

540 72 4
                                    

C 57

ရွှီအန်းဟာ သူ့ရဲ့အကြည့်တွေကနေရှောင်ရှားလိုက်ရင်း အပြစ်ရှိစွာဖြင့် အဝေးကိုအကြည့် လွှဲလိုက်တယ်။သို့ပေသိ လုပ်ပြုံးတစ်ခုနဲ့ဝန်ဇောင်ကတော့ အရာအားလုံးကိုသိနှင့်နေတဲ့ပုံပါပဲ။

ထိုမြင်ကွင်းကိုကြည့်နေတဲ့ ပတ်ပတ်လည်က ကျောင်းသားအချို့ဟာလဲ ရယ်ချင်စိတ်ကိုထိန်းမထားနိုင်ကြတော့ဘူး။ဒါ့ကြောင့် သူတို့များက ထိုအချိန်မှာ လွှတ်ခနဲ့အော်လိုက်ကြတယ်။
"666!ဝန်သခင်လေးက အကြမ်းစားပဲဟေ့"

ရွှီအန်းဟာ ငယ်ရွယ်သော်လဲ သူမ အတန်းထဲဝင်လာတဲ့အခါများမှာ တခြားသူတွေကိုလစ်လျူရှုထားလေ့ရှိတယ်။သူမနဲ့ ပက်သတ်မှုရှိတဲ့ကျောင်းleaderတစ်ချို့က ဘာပြဿနာပဲဖြစ်ဖြစ် သူမဘက်က ရပ်တည်ပေးကြမှာပဲလို့ သူမယုံကြည်ထားတယ်။သူမက အမျိုးသမီးဆရာတစ်ဦးဖြစ်နေတာတောင် သူမကို မ​ြကိုက်တဲ့သူတစ်ချို့ရှိနေသေးတယ်။

ဝန်မိသားစုရဲ့ ကြီးကျယ်ခမ်းနားမှုကို သူမ သဘောပေါက်လိုက်သောအခါ သူမက ဘာတစ်ခုမျှ ပြောဆိုရန်မဝံတောချေ။

"ယွီရင်ချို။ငါတော့သွားပြီ။မင်းက တကယ်ကြီး good boyလုပ်မလို့လားကွ။ဟင်"

ဝန်ဇောင်က ရှစ်ယွီကိုတစ်ချက်ရှိုးလိုက်ပြီး ခြေလှမ်းမစလှမ်းခင် ယွီရင်ချိုကိုပြောလိုက်တယ်။

တစ်ခွန်းတစ်ပါဒမျှ ပြောဆိုလာခြင်းမရှိသောယွီရင်ချိုဟာ တစ်ခဏမျှထိုင်နေပြီးနောက် ထထွက်သွားတော့တယ်။

ရှစ်ယွီတစ်ယောက် ဝန်ဇောင်လို့ခေါ်တဲ့သခင်ငယ်လေးက ပေါ်ပြူလာဖြစ်မယ်လို့ညသတိထားမိလိုက်တယ်။သူ ရှေ့ကသွားတော့ နောက်ကနေ ကျောင်းသားတစ်သိုက်က ရယ်ရယ်မောမောဖြင့် သူ့နောက်ကနေ အတန်းထဲကိုလိုက်သွားကြတယ်လေ။

ယွီရင်ချိုထွက်ဘာတော့ ကျောင်းသားတစ်ချို့က သူ့ဘေးဝိုင်းလာကြပေမယ့် သူအဆင်ပြေလားပဲ အရင်ဆုံးမေးကာ သူနဲ့အတူ အတန်းထဲကို ဝင်သွားကြလေတယ်ါ

ဝန်​ေဇာင်?

သူ ဒီနာမည်ကို ရှင်းရှင်းလင်းလင်းကြားဖူးတယ်ဆိုတာကိုတွေးမိတော့ ရှစ်ယွီမျက်မှောင်ကြုတ်လိုက်တယ်။

Attract Villains' DaddyWhere stories live. Discover now