C 47-8-9

517 64 9
                                    

ထျC47

ရှစ်ယွီတစ်ယောက် အစားအသောက်တွေကိုစတင်တည်ခင်းရင်းပြောလိုက်တယ်။
"လာလာ လာကြ။လာပြီးမြည်းကြည့်ကြဦး။ငါ့ရဲ့အချက်အပြုတ်skill(စကေး)ကတအားဆိုးတာ။ဒါကြောင့် သေသေချာချာမြည်းကြည့်​ြကဦး"

သူက တည်တင်းနေတဲ့မျက်နှာထားနဲ့ တူကိုင်ဖို့တောင်စိတ်ကူးရှိပုံမရတဲ့ ယွီရင်ချိုရဲ့မျက်နှာထားကိုကြည့်ပြီး  စားပွဲကိုလှန်မှောက်ပစ်လိုက်မှာကိုစိုးရိမ်မိတယ်။

တစ်ဖက်က လန်ဖုန်းကတော့ အလွန်ယဉ်ကျေးပျူငှာနေတော့တယ်။သူက ဟင်းပွဲတိုင်းကို တစ်ဇွန်းစိီမြည်းကြည့်လိုက်ရင်း
"အိုး...မစ္စတာချင်..ခင်ဗျားရဲ့အချက်အပြုတ်စွမ်းရည်ကတအားကောင်းတာပဲ။ဟိုတယ်ကစားဖိုမှုးတွေနဲ့တောင်ယှဉ်လို့ရတယ်ဗျာ"

"ခင်ဗျားရဲ့ချီးကျူးမှုအတွက်ကျေးဇူးတင်ပါတယ် မစ္စတာလန်.."
ရှစ်ယွီက ဟင်းပန်းကန်တွေကို ယွီရင်ချိုရှေ့ချပေးရင်းပြောလိုက်တယ်။

လန်ဖုန်းကတော့ကြောင်စီစီဖြစ်နေတော့တာပေါ့။သူက ရှစ်ယွီတစ်ယောက် ယွီရင်ချိုကို ဒီလိုမျိုးလုပ်ပေးမှာမဟုတ်လောက်ဘူးထင်ထားတာ။သူက ရှစ်ယွီကိုကြည့်လိုက်ပြီး ကြမ်းကြုတ်တတ်တဲ့ဆိုးပေလေးကိုကြည့်လိုက်တယ်။ဆိုးပေလေးရဲ့အမူအရာကတော့ ပိုပြီးတောင်မှောင်မိုက်လာကာ အချိန်မရွေးပေါက်ကွဲထွက်​ေတာ့်မလိုပါပဲ။

လန်ဖုန်းတစ်ယောက် ယွီရင်ချိုကို ပြဿနာကြားမှဘယ်လိုကူညီဆွဲထုတ်ပေးရမလဲစဥ်းစားနေဆဲ့မှာပဲ ယွီရှန်ဖုန်းကပြောလာခဲ့တယ်။

"မြန်မြန်စားကြတော့။ရေနွေးအရင်သောက်"

ယွီရင်ချိုအတွက်အထူးစပယ်ရှယ်လုပ်ထားတဲ့ စွတ်ပြုတ်ပန်းကန်ကို ငါတစ်ယောက်ပဲသတိပြုမိတာလားဟဆိုပြီး လန်ဖုန်းတစ်ယောက်ဇဝေဇဝါဖြစ်နေတော့တယ်။

မလှုပ်မယှက်ဖြစ်နေတဲ့ယွီရင်ချိုကိုကြည့်ပြီး ရှစ်ယွီစိတ်မရှည်တော့ဘူး။
"အသက်ကဘယ်လောက်တောင်ရှိနေလို့ စားတဲအခါ တစ်ယောက်ယောက်အကူအညီလိုနေသေးတာလဲ။ဟုတ်တယ်မလား"

ဒါကိုကြားတော့ ယွီရင်ချိုဒေါကန်သွားပြီး ချက်ချင်းမတ်ရပ်လိုက်တယ်။​ြကမ်းတမ်းတဲ့ သူ့လှုပ်ရှားမှုကြောင့် စားပွဲကိုလှန်လိုက်သလိုဖြစ်ပြီး စွတ်ပြုတ်တွေ ဖိတ်စင်သွားတော့တယ်။

Attract Villains' DaddyWhere stories live. Discover now