Chapter 16

563 75 0
                                    

AVD 16
ယွီရှန်ဖုန်းက သူ့ရှေ့က ဆယ်ကျော်သက်လေးကိုကြည့်လိုက်သည်။ထိုကလေးက အရွယ်ရောက်သည့်ပုံမပေါ်သေးသလို အရပ်အရှည်ကြီးလဲမဟုတ်လေဘူး။သို့ပေမယ့် ထိုကလေးစကားပြောလိုက်တဲ့အခါ ရင့်ကျက်နေသလိုပဲ။နောက်ပြီး အလွန်ပျိုမြစ်ပြီး တောက်ပတဲ့vibeကိုလဲ ထုတ်လွှတ်နေသယောင်ထင်ရသည်။

သို့သော်ငြား သူ့ကိုဖုန်းအုပ်ထားသော အညစ်အကြေး၊အစွန်းအထင်း များကြောင့် အထင်မြင်သေးစရာဖြစ်နေလေသည်။

ပေါက်လွှတ်ပဲစားပုံသဏ္ဍာန်ကြောင့် ဘယ်လောက်ပဲချောမောခန့်ညားနေပါစေ အသုံးမဝင်လေဘူး။

အဓိကအကျဆုံးကတော့ သူက မျက်ကန်းတစ်ယောက်ဖြစ်နေလျှင်တောင်မှ ထိုကလေးနှင့် အိပ်မှာမဟုတ်ဘူး။

ယွီရှန်ဖုန်း၏တိတ်ဆိတ်မှုကိုအခွင့်ကောင်းယူကာ ရှစ်ယွီက ထိုလူ့မျက်နှာကို လေ့လာတော့သည်။သို့သော် ထိုရေခဲရိုက္မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ ရှာဖွေတွေ့ရှိမှု မရှိဘူးဖြစ်သည်။သူက ချက်ချင်းမျက်လုံးပိတ်ကာတွေးလိုက်တော့တယ်။
*ဒီနေ့တော့ ငါ့ရဲ့သတိတရားတွေကိုလေနှင့်အတူ ပါသွားတော့မယ်နဲ့တူပါတယ်*

"Mr.ယွီ..ခင်ဗျားတအားခန့်ညားတာပဲ။ခင်ဗျားသိလား ကျနော်ခင်ဗျားကိုစတွေကတည်းက ခင်ဗျားကိုကြွေသွားခဲ့တာ။ကျနော် ခင်ဗျားသားရဲ့မိထွေးဖြစ်ချင်လိုက်တာ။"

ရှစ်ယွီက ထို့သို့ပြောလိုက်သောအခါ သူက ထိုလူ့ဆီ ပြေးသွားလိုက်တယ်။သူတွေးနေတာကတော့ ထိုလူ့လက်ထဲမှာ အမျိုးသမီးတစ်ယောက်ကိုပွေ့ဖက်ထားတယ်။သေချာပေါက်သူ့လိုချောမောတဲ့သူပဲပေါ့။ပြီးတော့ သူကပဲ ထိုလူ့လက္မောင်းကြားပြေးဝင်လိုက္မယ်။ထိုလူ့ကိုမဆွဲဆောင်နိုင်ဘူးဆိုတာ သူကတော့မယုံပါဘူး။

ယွီရှန်ဖုန်းမျက်လုံးထဲမှာတော့ ရှစ်ယွီဟာ သိမ်မွေ့သောလူတစ်ယောက္မဟုတ်သလိုနူးညံ့သောကျောက်စိမ်းတုံးလေးလဲမဟုတ်ရပါပဲ သာမာန်ချောမောသောကောင်လေးတစ်ယောက္မျှသာဖြစ်လေသည်။သူ့ဆီကအနံဆိုးတွေကြောင့် ချားရဟတ်ပေါ်ရောက်သလိုမူး​နောက်နေရလေသည်။

ယွီရှန်ဖုန်းကိုသာသူ့လက္မောင်းတွေကြားဖက်ထားလိုက်ရရင် ထိုလူ့မျက်နှာပေါ်တွင် ရေသေလိုတည်ငြိမ်နေမှုအစား စိတ်လှုပ်ရှားမှုတွေထင်ဟပ်နေမှာပဲ​။

ထိုလူ့ကိုသာခုန်အုပ်ခွင့်ပြုလိုက်ရင်တော့ ဆိုးရွားလိုက္မယ့်ဖြစ်ခြင်း။

ခပ်တုံးတုံးရှစ်ယွီကတော့ ယွီရှန်ဖုန်းကသူ့ကိုအထင်သေးနေတာကိုမသိပါဘဲ ဆက်လျက်စိတ်ကူးယဉ်နေတာ့သည်။တစ်စုံတစ်ယောက်နှင့်တိုက္မိသည့်အခါ ချော်လဲချင်ဟန်မဆောင်ခင် ဟန်ဆောင်အနမ်းတစ်ခုဖန်တီးမယ်။နောက်ပြီး ထဖို့ကြိုးစားလိုက်ရင် ပြန်လဲကျကာ ထိုသို့တစ်ဖန်ဆက်ဖြစ်မယ်။

ဒါပဲလေ။TV ဒရမ်မာတွေမှာပြသနေတာလဲ ဒါမျိုးပဲကို။

ဒါဟာ လှပသောစိတ်ကူးယဥ်မှုလေးပါပဲ။ရှစ်ယွီဟာ အရူးအမူးစွဲလမ်းမှုကိုဖော်ဆောင်သောအပြုံးကိုချိတ်ဆွဲလိုက်ရင်း သူက သူကိုယ်တိုင် ချောမောခန့်ညားသောအမျိုးသားဆီပစ်ဝင်တော့မှာဖြစ်သည်။

မမျှော်လင့်ထားတဲ့အရာကတော့ နောက်တစ်စက္ကန့်မှာပဲ ထိုလူက ဘေးတစ်ဖက်ကို ရွှေ့သွားပြီးဖြစ်သည်။

ဘဲကြီးရွှေ့သွားတာမြင်တော့ ရှစ်ယွီမျက်လုံးတွေကဇီးကွက်ဖြစ်လာတော့သည်။သို့သော် သူက အရှိန်မထိန်းနိုင်ပါဘဲ ဆိုဖာနှင့်ခလုတ်တိုက်ကာ ဝုန်းခနဲဖြစ်သွားလေတော့သည်။

💛💛💛💛💛
သဲလေးတို့ Chapter ကမဆုံးသေးပါဘူးနော်။ဒီficလေးက Box novelကနေ ယူtranထားတာပါ။အခု
Appက ဘာဖြစ်သွားမှန်းမသိဝင်လို့မရဘူးဖြစ်နေတာ🤧🤧
ပြန်un ပြန်downဖို့ကလဲdataနည်းနေလို့ upတာကို ခဏလောက်သည်းခံစောင့်ပေးကြပါဦးနော်။

Luv u all😘
Have a nice day✌✌




Attract Villains' DaddyWhere stories live. Discover now