Chapter 9

852 103 0
                                    

ချန်းကျွင်နားက သက်တော်စောင့်တစ်ယောက်က သူ့ကိုတာမလို့လုပ်ပေမယ့် ချန်းကျွင်တားဆီးတာခံလိုက်ရတယ်။

ထိုလူက ဘာမှနားမလည်ပေမယ့် ​ြငိမ်နေလိုက်တော့တယ်။အစ်ကိုချန်းကတောင် ဘာမှမလုပ်စေချင်တာ အန္တရာယ်ရှိမှာမဟုတ်ပါဘူး။သူတို့လုပ်ရမှာဆိုလို့ စောင့်...ကြည့်..ဖို့ပဲ။

သူ့ဆီပြေး
လာနေတဲ့ လှောင်ပြုံးတစ်ခုနဲ့အမျိုးသားမြင်လိုက်ရတော့ ယွီရှင်ဖုန်း နှလုံးတောင်တုန်သွားတယ်။ရုတ်တရက် ထိုလူက သူ့သားကိုလုယက်တဲ့တစ်ယောက်ဆိုတာ မှတ်မိသွားတော့တယ်။

သူ့အကြည့်တွေကအေးစက်လာပြီး ထိုလူလဲဘားထဲမှာရှိနေတာလား။သူ့သားကိုပြန်ပေးဆွဲလာတာသူဖြစ်နိုင်လောက်တယ်ဆိုပြီးတွေးနေမိတော့တယ်။

ရှစ်ယွီကသူ့ဆီဦးတည်နေတဲ့အတွက် သူကဘယ်ဘက်ကိုခြေတစ်လှမ်းဆုတ်လိုက်တယ်။

ရှစ်ယွီကတော့ အရှိန်မရပ်နိုင်ခဲ့လေဘူး။ဒါကြောင့်သူက နောက်က မှန်တံခါးကြီးနဲ့ သူ့တစ်ကိုယ်လုံးမိတ်ဆက္သွားတော့တယ်။

'ဘန်း' ဆိုတဲ့အသံကြီးကိုကြားလိုက်ရပြီး အကုန်လုံးတုန်ခါသွားစေတယ်။ ထိုအသံနဲ့တင်ကို အပြင်းစားဒဏ်ရာရဖို့လုံလောက်နေပြီဖြစ်တယ်။

"ငါ...လာပြီ။ဒါတွေ...ပြီးသွားပြီ "

ရှစ်ယွီက ထိုစကားလုံးတွေကိုခက်ခက်ခဲခဲဆိုလိုက်ရင်း လဲကျသွားတော့တယ်။သူခံစားရတာဆိုလို့ သူ့အမြင်အာရုံတွေအမှောင်ကျသွားတာနဲ့ တစ်ကိုယ်လုံးရိုက်ချိုးခံထားရသလိုနာကျင်နေတာပဲ။

"ဟားဟားဟား... holy shit..ဒီအရူးလေးက ငါ့ကိုအသေရယ်ရအောင်လုပ်နေတာပဲ"

ရှစ်ယွီစိတ်ထဲမှာ system ရဲ့ခပ်စူးစူးရယ်သံဟာ ရုတ်တရက်ဆိုသလိုထွက်ပေါ်လာတယ်။
သူ့ရဲ့နဂိုပရမ်းပတာပြန့်ကျဲနေတဲ့စိတ္ကလေးကလဲ ကြည်လင်လာတော့တယ်။ဘာလို့ဆို သူ့နှလုံးသားထဲမှာ သူက system ဘိုးဘေးတွေရဲ့ မျိုးဆက်၁၈နဲ့ အကြိမ်များစွာကြိုဆိုနေတော့တယ်။(ချိတ်ဆက်တဲ့အချိန်ကိုပြန်မှတ်မိနေတာပါနော်)

"မင့်မေ..တကယ်လို့ခင်ဗျားကျနော့်ကိုရယ်နေဦးမယ်ဆိုရင် ကိုယ့်ဘာသာကိုယ်ဖျက်ဆီးလိုက်။ဒီလိုချိန်မှာ ရှင်သန်ဖို့တွေးမနေနဲ့။"

Attract Villains' DaddyWhere stories live. Discover now