37

457 55 1
                                    

AVD 37

သို့ပေသိ သူတကယ်ကြီးဗိုက်ဆာနေတယ်ဆိုတာကိုတော့ ယွီရင်ချိုဝန်ခံရမှာဖြစ်တယ်။

သူ့မှာ ပိုက်ဆံပြတ်နေတာရယ်၊ဒေါသထွက်နေရတာရယ်၊နောက်ပြီး သူ့အဖေကိုကဖျက်ယဖျက်လုပ်နေရတာကြောင့် ဒီရက်တွေအတွင်းသူစားဖို့တောင်သတိမရလောက်အောင်ဗိုက္မဆာခဲ့ဘူး။ဒါကြောင့် သူတော်တော်လေးဗိုက်ဆာနေပြီ။

ဒါပေမယ့် အတန်းထဲမှာ အားအင်ပြတ်လတ်ပြီး မူးလဲသွားမယ်လို့တော့ သူထင်မထားမိဘူး။

သေချာတာပေါ့ ။ဒါကလဲ အကြောင်းပြချက်ရှိတယ်။တစ်စုံတစ်ယောက်က ရက်အတော်ကြာ အစာမစားဘဲ ညခင်းမှာ ဆေးသောက်ပြီးခန္ဓာကိုယ်အားဖြည့်နေမှတော့ မူးလဲမှာပေါ့။

"ဘာလဲ။မင်းဘာသာစားမလား။မဟုတ်ရင် ငါကျွေးရမှာလား"

ရှစ်ယွီကတော့ ယွီရှန်ဖုန်းကိုကူညီချင်တဲ့အတွက် ပြုံးနေဆဲပါပဲ။

ဒီတစ်ခါမှာတော့ ယွီရင်ချိုက ဘာမှပြောမလာတော့ဘဲ နေ့လည်စာဘူးကိုယူကာ စတင်စားလိုက်လေတယ်။

သူ့ရဲ့ လုပ်ရှားမှုတွေက အလွန်နှေးကွေးပြီး ယဉ်ကျေးတယ်။ယာဂုသောက်နေတဲ့အခ​ျိန်တောင်မှ အလွန်ညင်ညင်သာသာရှိလေတယ်။ဒါကိုကြည့်ခြင်းအားဖြင့် သူ့ရဲ့နာနီမဆိုးဘူးလို့ပြောလို့ရတယ်။

ဒါကလဲ ဆံပင်ရှည်တွေကကောက်ကျစ်တတ်တဲ့အကြောင်းကြောင့်ပဲ။

သေချာတာပေါ့။ယွီရင်ချို ဒီလိုဖြစ်လာဖို့ ယွီရှင်ဖုန်း လုံးဝကြိုးကြိုးစားစားသွန်သင်ခဲ့ရတာာ။

သူလျှောက်လှမ်းရမယ့်ခရီးက အရှည်ကြီးရှိသေးတာကိုနားလည်မိတော့ ရှစ်ယွီသက်ပြင်းခိုးချလိုက္မိတယ်။

ယွီရင်ချို စားလို့ပြီးသလောက်ဖြစ်သွားတာကိုမြင်တော့ ရှစ်ယွီက ကြက်စွပ်ပြုတ်ကိုယူကာ
"ဒီမှာ... ။ဘေဘီ...နားလိုက်ဦး။မင်းလုံလုံလောက်လောက်အားပြန်ပြည့်လာရင် ငါတို့အိမ်ပြန်ကြမယ်"

ယွီရင်ချို ယာဂုစားပြီးသွားတော့ ရှစ်ယွီ သယ်လာတဲ့ကြက်စွပ်ပြုကို ကြည့်လိုက်တယ်။ခဏကြာတော့ သူယူစားလိုက်တော့တယ်။

Attract Villains' DaddyWhere stories live. Discover now