32

478 53 0
                                    

AVD 32

ရုံးခန်းထဲမှာထိုင်နေတဲ့ယွီရှန်ဖုန်းတစ်ယောက် စာရင်းဇယားတွေနဲ့နှစ်ပါးသွားနေရတယ်။သို့သော် ဘာလို့လဲသူမသိဘူး။သူ့အကျီပေါ်က ကြယ်သီးကိုပဲသတိထားမိနေတယ်။

သူရပ်လိုက်ပြီး မနေနိုင်စွာနဲ့ အကျီလက်တွေကို ပွတ်သပ်လိုက်တယ်။

မနက်က ရှစ်ယွီ ဒါကိုစုပ်ကိုင်ခဲ့တာ။အကျီကအကောင်းစားဖြစ်လို့ တွန့်ရာလေးတွေက အကြွင်းအကျန်မရှိအောင်ပျောက်ကွယ်သွားပြီ။

သူ့ဘဝရဲ့ အနှစ်၂၀ကေျာ်အတွင်းမှာ သူ့သားကလဲဲပီး ဘယ်သူနဲ့မှဒီလိုနီးနီးကပ်ကပ်မရှိခဲ့ဖူးဘူး။

သို့ပေသိ နှစ်ဦးစလုံးနဲ့နီးကပ်တဲ့ခံစားချက်က မတူညီဘူး။သူ့အတွက် ဒါက ဘယလိုမျိုးလဲဆိုတာကိုလဲ မပြောနိုင်ဘူး။ဒါပေမယ့် တအားကြီးဆိုးဝါးတာတော့မဟုတ်ဘူးပဲ။

မနက်က သူ့ကိုယ်ပိုင်အဝတ်အစားတွေနဲ့ အလုပ်လုပ်နေတဲ့လူကိုတွေးမိပြီး သူ့အကျီဘောင်းဘီတွေကကြီးနေတဲ့အတွက်ကြောင့် သူမျက်မှောင်ကြုတ်ကာ အတွင်းရေးမှူးပိုဝင်လာဖို့ပြောလိုက်တယ်။

"သွားပြီးငါ့အတွက်အဝတ်အစားဝယ်ပေးပါဦး။နဲနဲသေးတာဝယ်ခဲ့။"
ကြော့ကြော့မော့မော့ဝတ်ဆင်ထားတဲ့ သူ့ရှေ့ကအတွင်းရေးမှူးကိုခေါင်းမော့မကြည့်ပဲ သူပြောလိုက်တယ်။

"အာ...CEOရှင့်.. ကိုယ်တိုင်ဝတ်ဖို့လား။ဘယ်လောက်သေးတာဝယ်ခဲ့ရမလဲရှင့်"

လှပတဲ့အတွင်းရေးမှူးက တစ်ခဏလောက်ကြောင်စီစီဖြစ်နေလေတယ်။သူ(မ)က CEOဘာကြောင်းအဝတ်ဝယ်ခိုင်းတယ်ဆိုတာနားမလည်နိုင်တဲ့အတွက် မတတ်သာစွာ​ေမးလိုက်တော့တယ်။

ယွီရှန်ဖုန်းကတော့ ခေါင်းငုံ့လျက်ကီဘုတ်ရိုက်နေလေတယ်။မျက်နှာသေကြီးနဲ့ပဲ ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။
"ငါ့သားခန္ဓာကိုယ်အချိုးအစားအတိုင်းဝယ်ခဲ့"

"နားလည်ပါပြီး။ကျမအခုသွားလိုက်ပါ့မယ်"

ပြောပြီးပြီးချင်း သူ(မ) ကုမ္ပဏီကနေ ချက်ချင်းထွက်ခွာတော့တယ်။
သေချာတာပေါ့ CEOယွီရဲ့ သားအကြောင်း သူ(မ)သိပ်သိတာပေါ့။သူ(မ)ယွီရှန်ဖုန်းနောက်စလိုက်ရတဲ့အချိန်ကတည်းက သခင်ငယ်လေးအတွက် မိသားစုတွေ့ဆုံပွဲတွေအများအပြားလုပ်ဆောင်ပေးခဲ့တာဖြစ်တယ်။နောက်ပြီး သခင်ငယ်လေးရဲ့ ုပဿနာအားလုံးကို ဒိုင်ခံလိုက်ရှင်းပေးရတာလဲ သူ(မ)ပဲ။ဒါ့ကြောင့် သူ(မ) ယွီရင်ချိုကို အတော်လေးရင်းနှီးပါတယ်။

Attract Villains' DaddyWhere stories live. Discover now