36

468 58 0
                                    

AVD 36

ရှစ်ယွီက ထပ်ပြီး တောက်ပတဲ့အပြုံးကိုခပ်မြန်မြန်ပန်ဆင်လိုက်ကာ
"ဟ့..ငါနောက်နေတာပါ။လာ..လာ...လာ..လာ..လာ..လာ..ညီချောလေးလာပြီးစားစမ်းပါ"

သူက ပြောရင်းနဲ့ အပူပေးထားတဲ့ ကြက်စွပ်ပြူတ်နဲ့ ယာဂုကိုထုတ်လိုက်တယ်။ရေပူဖြစ်တာကြောင့် အပူကူးတာလျင်မြန်လေတယ်။ဒါကြောင့် ထုတ်လိုက်တူန်းက သူ့လက်တောင်မှလောင်သွားပါသေးတယ်။

ယွီရင်ချိုကတော့ ရှစ်ယွီ အခုလုပ်နေတဲ့ဘယ်အရာကိုမှဂရုစိုက္မနေပါဘူး။ဘေစင်(လက်ဆေးကန်) ထဲက ထုတ်နေတဲ့အစားအစာတွေက သူ့အတွက်လို့ပြောလာတော့ သူ့မျက်နှာက အစိမ်းရောင်ပြောင်းလာတော့တယ်။

ရှစ်ယွီကလဲ ယွီရင်ချိုကိုအာရုံထားမနေမိပါဘူး။သူက သဘာဝကျကျပဲ ပလပ်စတစ်နေ့လည်စာဖူးကိုဖွင့် တစ်ခါးသုံးဇွန်းအိတ်ကိုပါဖောက်ပြီး ယာဂုပန်းကန်ထဲစိုက်ကာ ယွီရင်ချိုကိုပေးလိုက်လေတယ်။

"ဘာလဲ။လှုပ်ရှားလို့မရဘူးလား။ကောင်းပြီ။ငါမင်းကိုကျွေးမယ်။လာ..ပါးစပ်ဟ။ကောင်းပါတယ်"

ယွီရင်ချိုကပြန်မဖြေတော့ ရှစ်ယွီဟာ ယာဂုတစ်ဇွန်းအပြည့်ခပ်ကာ ယွီရင်ချိုပါးစပ်နားတော့ပေးလိုက်တယ်။ကလေးတွေကိုချော့ရတာ သူအသေကြိုက်။

ယွီရင်ချိုကတော့ နဖူးကြောတွေထောင်ထလာပြီး မျက်လုံးမှာလဲ ဒေါသတရားတွေတောက်လောင်နေတော့တယ်။

"မစားပဲနေရဲရင်ပဲဖြစ်ဖြစ် ၊ဖိတ်အောင်လုပ်ဝံ့ရင်ပဲဖြစ်ဖြစ် မင်းအဖေငါက ဒါတွေကို မင်းခေါင်းပေါ်လောင်းချလိုက္မှာ"

ယွီရင်ချိုရဲ့ စိတ်အခြေအနေကို ခံစားမိတော့ သူက လက်ကိုနဲနဲဆုတ်ပေးလိုက်တယ်။ဒါက ယွီရင်ချိုရဲ့ မြှောက်လာတဲ့လက်ကိုရှောင်သွားပြီးသားဖြစ်သွားလေတော့တယ်။

ရှစ်ယွီ စကားတွေကြားတော့ ယီရင်ချိုက ဒေါသထွက်လွန်းပြီး မတ်တပ်ရပ်လိုက်လေတယ်။သို့ပေသိ သူ့ခန္ဓာကိုယ်က အားတစ်စက္မှမရှိတာကြောင့် ပြန်လဲကျသွားရတယ်။သူက ရှစ်ယီကို
"မင်း လုပ်ရဲလား"
ဆိုပြီး စူးရဲပြင်းထန်စွာပြောလိုက်တယ်။

Attract Villains' DaddyWhere stories live. Discover now