41

483 58 2
                                    

AVD 41

ယွီရင်ချို လှောင်လိုက်ပေမယ့် ဘာမှတော့ ထပ်မပြောတော့ဘူး။

ရှစ်ယွီခဗျာမှာတော့ မျက်နှာပေါ်ကအပြုံးကိုချိတ်ဆွဲထားလျက် သူ့ခုံကို နောက်ပြန်မှီလိုက်တယ်။
သုံးဦးသား  စကားတစ်ခွန်းတစ်ပါဒမျှထပ်မံပြောဆိုခြင်းမရှိတော့ဘဲ လမ်းတစ်လျှောက်တိတ်တဆိတ်ဖြင့်သာ ယွီအိမ်တော်ကိုပြန်ရောက်ခဲ့ကြတော့တယ်။

မြေအောက်ကားပါကင်မှာ ကားထိုးပြီးတာနဲ့ ရှစ်ယွီရုတ်တရက် ကားထဲကထွက်လိုက်ကာ..
လက်ခုပ်တီးပြီးပြောလိုက်တယ်။
"အာ...ငါ အသီးအရွက်တွေဝယ်ဖို့မေ့ခဲ့ပြီ"
ကားထဲကထွက်လာတဲ့ ယွီရှန်ဖုန်းကလဲ မည်သည့်စကားမှမဆိုဘဲ ထွက်သွားတော့တယ်။

သူ့ရှေ့က ဇိမ်ခံကားကြီးကိုကြည့်ပြီး ရှစ်ယွီသက်ပြင်းချလိုက်တယ်။ထို့နောက် သူလဲ ထွက်လာလိုက်တော့တယ်။

သူ့အရင်ဘဝမှာ ကားလဲကောင်းကောင်းမောင်းတတ်ပြီး ကားမောင်လိုင်စင်လဲရှိပြီးသား။သို့ပေသိ သူကူးပြောင်းလာတဲ့ဒီခန္ဓာကိုယ်ပိုင်ရှင်ကတော့ ကားဘယ်လိုမောင်းရမလဲမသိဘူးဖြစ်တယ်။
(ငမွဲလေးကို)

နောက်နေ့မှာ ကားမောင်းလိုင်စင်လျှောက်ဖို့စာမေးပွဲသွားဖြေမယ်လို့ ရှစ်ယွီ  ဆုံးဖြတ်လိုက်တော့တယ်။

သူဒီလိုတွေးမိတာက အကြီးမားဆုံးပြဿနာကြီးကိုမျက်စိလျှံသွားလို့___မန်းနီးလေ။

[Host မင်းမှာဒီလိုအတွေးရှိတာကောင်းတယ်။ဒါပေမယ့် ငါမင်းကိုသတိပေးလိုက်မယ်။မင်းကအခုငမွဲတစ်ယောက်ပဲ။]

အကြာကြီးပျောက်နေတဲ့systemရဲ့အသံကို သူ့ခေါင်းထဲနေကြားရတာက တဖြည်းဖြည်းနဲ့ကျင့်သားရလာတဲ့အတွက် ရှစ်ယွီတစ်ယောက် အရင်ကလို မကြောက်တော့ဘူး။

"မင်းပြောတာလဲဟုတ်​ေနတာပဲမိထွေးရ။ဒါဆို ငါဘာလုပ်သင့်လဲ။"

ရုပ်ဝါဒီမရှိတဲ့systemက မျက်လုံးလိမ့်ပြလိုက်တယ်။အနဲငယ်စိတ်မရှည်တဲ့လေသံနဲ့
"ယွီရှန်ဖုန်းက ဘောစိကြီးလေ။မင်းဘယ်လိုလုပ်ရမယ်ဆိုတာမသိဘူးလား။အကုန် ငါ့အကူအညီကိုပဲယူနေရင် ငါက မင်းကိုဘာအတွက်လိုတော့မှာလဲ"

Attract Villains' DaddyWhere stories live. Discover now