ရှစ်ယွီရဲ့မူလခန္ဓာကိုယ်ဟာ လမ်းသရဲပုံစံဖြစ်နေပေမယ့် သူ့ရဲ့ရုပ်ရည်က တအားကြည့်ကောင်းတယ်ဆိုတာကိုတော့ မငြင်းပယ်နိုင်ဘူး။
အခုချိန်မှာတော့
သူရဲ့ cowboyဆန်စေတဲ့ ခပ်ညစ်ညစ်ဂျာကင်တောင်မှ သူရဲ့ ကြည့်ကောင်းမှုကို နဲနဲလေးမှမယုတ်လျော့စေဘူး။ရှစ်ယွီက စကားပြောဖို့ဟန်ပြင်လိုက်တဲ့အချိန်မှာပဲ သူတို့အနီးက ဒုတိယထပ်မှာ ရုတ်ရုတ်သဲသဲဖြစ်လာတယ်။ကြည့်ရတာ လူတစ်စုက တစ်ယောက်ယောက်ကို အရှေ့တွန်းပို့နေတာပဲ ဖြစ်မယ်။
ရှစ်ယွီကို ကြည့်နေကြတဲ့လူတွေရဲ့အကြည့်ဟာလဲ သိသိသာသာပြောင်းသွားကြတော့တယ်။တစ်ချို့ဆို ဖြစ်ေနကြလိုမျိုး ထိုလူတစ်စုရဲ့ခေါင်းဆောင် 'အနာရွတ္မျက်နှာ'ကိုမြင်လိုက်ရတော့ လေတွေတောင်ချွန်လိုက်ကြသေးတယ်။
ထိုလူစုက ကွယ်နေတဲ့အတွက်ကြောင့် တွန်းပို့ခံနေရတဲ့လူကိုတော့ မမြင်ရဘူး။ရှစ်ယွီပခုံးကိုဖတ်ထားတဲ့လူကြီးကတော့ စိတ်အခြေအနေတော်တော်လေးကောင်းနေတယ်ထင်တယ်။ သူက ခဏလောက်ကြည့်လိုက်ပြီး ထိုလူစုဆီ လျှောက်သွားတော့တယ်။
"ဟေး...ဒီညအတွက် မင်း ဒီလိုလူချောလေးကို ဘယ်ကရလာတာလဲ"
မျက်နှာမှာ ဓားခုတ်ဒဏ်ရာအမာရွတ်နဲ့လူကြီးက ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ထိုလူ့ကိုမြင်သွားလိုက်တာနဲ့တစ်ပြိုင်နက်
"အစ်ကိုကြီးဟုန့်
လို့ ရိုရိုသေသေခေါ်လိုက်တယ်။ရှစ်ယွီရဲ့ စပ်စုချင်တဲ့စိတ်ကလေးက ဘာဆက်ဖြစ်လာမလဲဆိုတာကို သိချင်သွားတယ်။ဒါပေမယ့်လဲ ထိုလူကြီးက သူ့ကို ဘယ်လို ဝါးစားမတတ်ကြည့်သွားတာကို ပြန်တွေးမိတော့ အရင်ဆုံးထွက်သွားလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။
သူလှုပ်တောင်မလှုပ်ရသေးဘူး ကြွက်သားတွေနဲ့လူနှစ်ယောက်က သူ့ဘေးတစ်ဖက်တစ်ချက်ဆီ ရောက်လာပြီး သူ့ကိုဝိုင်းထားကြတယ်။
"မင်းတို့တွေ...မင်းတို့ဘယ်သူတွေလဲ။ဘာလုပ်ချင်တာလဲ"
ရှစ်ယွီက ထိုကြွက်သားတွေနဲ့လူနှစ်ယောက်ကိုကြည့်ပြီး ကြောက်ရွံလာတော့တယ်။
YOU ARE READING
Attract Villains' Daddy
General Fictionပြန်လည်မွေးဖွားပြီးနောက္မှာ Qin Shiyuတစ်ယောက် မိထွေးsystemတစ်ခုနဲ့ချိတ်ဆက္မိသွားတော့တယ်။အ့တာကြီးက သူ့ကို လမ်းသရဲတစ်ယောက်လို့ထင်နေရုံတင်မကပဲ အလုပ်အတွက်အသက်ရှင်နေတဲ့သူလို့လဲထင်နေတာ သူက ကောင်းကောင်းစားပြီးအကောင်းစားတွေဝတ်ဆင်နေပါလျှက်နဲ့လေ။ ပိုပြီးမမျှေ...