C 60
ထိုလူ့က တစ်စုံတစ်ခုပြောရန်ကြံရွယ်လိုက်သောအချိန်တွင်
"မာစတာလေးဝန်...မင်းလာတယ်"ဆိုသောအသံကြောင့် မပြောဖြစ်တော့ပေ။အပေါ်ထပ်ကနေဆင်းလာသော ဝတ်စုံအပြည့်နှင့်လူကြီးတစ်ဉီးဟာ ဝန်ယင် ကိုတွေ့လိုက်ရတဲ့သည့်အတွက် အလွန်ပျော်ရွှင်နေပုံရကာ သူ့မျက်နှာတွင်လဲ အပြုံးတစ်ခုချိတ်ဆွဲထားလေသည်။
မာစတာလေးဝန်???
ရှစ်ယွီ ကြောင်စီစီဖြစ်သွားကာ သူ့ရှေ့ကလူကိုကြည့်လိုက်မိတယ်။ထိုသူက သူမြင်ဖူးသောတစ်စုံတစ်ယောက်နှင့်ဆင်နေသလို။သို့ပေသိ မည်သူဆိုတာသူမမှတ်မိ။နောက်တစ်ကြိမ်ထပ်မံကြည့်လိုက်တဲ့အခါမှ ထိုသူက ဝန်ဇောင်နှင့် အတော်လေးကိုရုပ်ဆင်တာပဲ။
ဒါက ဝန်ဇောင်ရဲ့ပင်ကိုယ်စရိုက်လား။လုံးဝမိန်းကလေးမဆန်တဲ့သူ့ရှေ့ကလူကလေ။
နောက်ပြီး သူတို့ရဲ့မျိုးရိုးကလဲ ဝန် ပဲမဟုတ်လား။ရှစ်ယွီ မျက်မှောင်ကြုတ်လိုက်မိတယ်။သူက သူ့ရှေ့မှာ ပေါ်ထပ်ကဆင်းလာတဲ့မန်နေဂျာနဲ့စကားပြောနေတဲ့လူကိုကြည့်လိုက်ပြီး ထွက်ခွာဖို့ပြင်လိုက်တယ်။
"Sir...ခဏ"
ရပ်တန့်ခံလိုက်ရတဲ့ရှစ်ယွီဟာ သူ့ကို ဘယ်သူခေါ်လိုက်သလဲ ရှာဖွေလိုက်တဲ့အခါ ဝန်ယင် ဆိုတဲ့သူဖြစ်နေလေတယ်။
"ဘာဖြစ်လို့လဲဗျ"
ဒီလူအတွက် သူ့ရဲ့first impression က လှည့်ဖြားခြင်းလို့ ယူဆနေတဲ့ ရှစ်ယွီက မျက်မှောင်ကြုတ်ကာမေးလိုက်တယ်။ဝန်ယင်က ရှစ်ယွီကိုကြည့်မနေပါဘူး။ထိုအစား သူက မန်နေဂျာဘက်လှည့်ကာ ပြောလိုက်တယ်။
"မန်နေဂျာယန်..ဒီကောင်တာက ဝန်ထမ်းက customerကိုဘယ်လိုသဘောထားလဲဆိုတာ CCTVမှာ မှတ်တမ်းတင်ထားမှာပဲ။ခင်ဗျားတစ်ချက်ကြည့်သင့်တယ်"ထိုသို့အပြောခံလိုက်ရတဲ့မန်နေဂျာယန်ရဲ့ မျက်နှာအမူအရာဟာ ပြောင်းလဲသွားပြီး ဧည့်ကြိုဝန်ထမ်းကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်တယ်။
ရှေ့ကောင်တာအတွက် ရာသီဉတုအခြေအနေက ချက်ချင်းပြောင်းလဲလာတဲ့အခါ ဧည့်ကြိုဝန်ထမ်းက ဆက်လက်ငြင်းဆန်လျှက်ရှိနေတယ်။
"မန်နေဂျာယန်...ကျမပြောတာနားထောက်ပါဉီး။ကျမ မဟုတ်....မဟုတ်...."
YOU ARE READING
Attract Villains' Daddy
General Fictionပြန်လည်မွေးဖွားပြီးနောက္မှာ Qin Shiyuတစ်ယောက် မိထွေးsystemတစ်ခုနဲ့ချိတ်ဆက္မိသွားတော့တယ်။အ့တာကြီးက သူ့ကို လမ်းသရဲတစ်ယောက်လို့ထင်နေရုံတင်မကပဲ အလုပ်အတွက်အသက်ရှင်နေတဲ့သူလို့လဲထင်နေတာ သူက ကောင်းကောင်းစားပြီးအကောင်းစားတွေဝတ်ဆင်နေပါလျှက်နဲ့လေ။ ပိုပြီးမမျှေ...