C 44

506 63 2
                                    

္AVD 44

အားရပါးရ ရယ်မောပြီးတာတောင် အမူအရာနဲနဲမှမပြောင်းပဲ နှုတ်ဆက်နေတုန်း။ဒီလူက ဘယ်သူလဲဟ။

သူ့ရှေ့က လက်ကိုကြည့်ပြီး ရှစ်ယွီရှော့ခ်ရနေတယ်။
"ဟဲဲလို....ကျနော်က ရှစ်ယွီပါ။ကျနော်က..
....ယွီရှန်ဖုန်းရဲ့boyfriendပါ"

ဒါကိုပြောဖို့ သူခဏမျှတုံ့ဆိုင်းနေမိသေးတယ်။နောက်တော့ ယွီရှန်ဖုန်းကောင်လေးဆိုပြီးပြောတာက အကောင်ဆုံးဖြစ်မယ်လို့တွေးလိုက်မိတယ်။ထိုလူ့ကို C-Rsချုပ်ဖို့တိုက်တွန်းပြီးသွားကတည်းက သူဒီလိုပြောဖို့ပဲတတ်နိုင်တာမလား။

"ဒီနေ့ ငါ့ရဲ့မွေးစားသားလေးကိုငါလာကြည့်တာ။ဒါပေမယ့် သူက အခုဒေါသတအားထွက်နေ​ြပီး ငါ့ကိုတောင်လစ်လျူရှုထားတယ်လေ။"

လန်ဖုန်းက ယွီရှန်ဖုန်းကို အဓိပ္ပါယ်ပါတဲ့အ​ြကည့်တစ်ချက်ကြည့်လိုက်ပေမယ့် သူ့မျက်နှာမှာတော့ ပရော်ပရည်နိုင်တဲ့အပြုံးကြီးရှိနေဆဲပဲ။

ယွီရှန်ဖုန်းက ဘာမှလဲမပြောသလို လန်ဖုန်းကို အကြည့်လေးတစ်လျက်တောင်မစွန့်ကြဲဘဲ တံခါးဆီကိုတန်းတန်းမတ်မတ်လျှောက်သွားတော့တယ်။
(ကျမ အမျိုးသားကို ရှင်တော်တော်ချေ ဟွန့်)

တခြားသူတွေအနေနဲ့ လန်ဖုန်းရဲ့ ဒီကိုလာရခြင်းရည်ရွယ်ချက်ကို မသိတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူတို့best friend ဖြစ်လာတာနှစ်ပေါင်းကြာနေပြီဖြစ်တဲ့သူ့အတွက်တော့ သူ့ရဲ့ good friendကြီးဘာတွေတွေးနေလဲဆိုတာ သူအလိုအလျောက်သိနေတယ်။

လန်ဖုန်းရောက်လာတာက သဘာဝကျကျပဲ ရှစ်ယွီကို စိုးရိမ်ပြီး တစ်ချက်အကဲခတ်ကြည့်ဖို့လာတာ။

ဘယ်သူမဆို ကိုယ်ရဲ့best friend ဘေးမှာ နောက်ခံအကြောင်းအရင်းမသိရတဲ့လူတစ်ယောက်ရောက်ရှိလာရင် စိုးရိမ်ကြမှာပဲမဟုတ်လား။

ရှစ်ယွီက လန်ဖုန်းကိုပြုံးပြလိုက်ပြီး ယွီရှန်ဖုန်းနောက်က လိုက်သွားလိုက်တယ်။

"အို့.. ဟုတ်သား။ဒီနေ့ည ငါတို့မှာဧည့်သည်ရှိလာပြီဆိုတော့ ငါ အစားအသောက်တွေပိုပြင်လိုက်မယ်။မင်း ဘာစားချင်လဲ"

Attract Villains' DaddyWhere stories live. Discover now