25

487 65 0
                                    

AVD 25

^^ဒီနေ့မစ်ရှင်ကတော့ ယွီမိသားစုအဖေကြီးနဲ့ သားတော်မောင်အတွက္မနက်စာလုပ်ပေးရမှာပါ။ဆုကတော့ သတ်တမ်း ၄.၅ ရက်ပါ။မင်းမလုပ်ချင်ရင်..^^

System က ဒီနေ့အတွက် မစ်ရှင်ကိုဖော်ပြလာတယ်။ဒါက နားလည်ရလွယ်ပါတယ်။

^^၄.၅ ရက်! ဟန့်.. ဘယ်မိသားစုကများ ရက်တွေကို ဒဿမကိန်းနဲ့ရေတွတ်လို့လဲ^^

သူက အတွန့်တတ်လိုက်ပေမယ့် နာနာခံခံနဲ့ မီးဖိုထဲမှာ ချက်ပြုတ်စရာတွေရှာဖွေလိုက်တယ်။

ကြိုးစားမှုရလဒ်ပဲပေါ့။သူပစ္စည်းအနည်းငယ်ရှာတွေ့လိုက်တယ်။

ဆန်အိတ်အသေးလေးတစ်အိတ်နဲ့ ဗီရိုပေါ်က အားလူးအနည်းငယ်၊နောက်ပြီး ရေခဲသေတ္တာထဲက ဝက်ပေါင်ခြောက်တစ်ဝက် တို့ကိုတွေ့တော့ အကုန်ထုတ်ယူလိုက်တယ်။

သူက ဆန်ကိုဆေးပြီး ပြုတ်ထားကာ ဝက်ပေါင်ခြောက်ကိုလဲ သေးသေးလေးတွေလှီးပြီး အိုးထဲဖြူးလိုက်တယ်။ဝက်ပေါင်ခြောက်နဲ့ ယာဂုချက္မလို့ပါ။
(ဆန်ပြုတ်ကိုမှ ပြစ်ပြစ်ကလေးလေ😁)

သူ့အရင်ဘဝတုန်းက သူစားဖို့ သူ့ဘာသာချက်စားခဲ့ရတာ။အ့တာက စားဖိုမှူးတွေလောက္မကောင်းပေမယ့် စားလို့တော့ရပါတယ်။

ယာဂုကျက်သွားပြီ။ဒါကြောင့် အားလူးသီးကို လုပ်ငန်းစရမယ်။ဒါကိုတော့ အားလူးကြော်ပဲလုပ်မှာ။

ဝက်ပေါင်ခြောက်လေးနဲ့ယာဂုကို အားလူးကြော်လေးနဲ့။ဘယ်လောက်လိုက်ဖက်လိုက်သလဲ။

ရှစ်ယွီ သူ့ကိုယ်သူဂုဏ်ယူမိနေတယ်။နောက်ပိုင်း ယွီရှန်ဖုန်းကို အများကိုရှော့ခ်ရအောင်လုပ်ဦးမှာ။နောက်ပြီး လျှော်ဖွတ်ချက်ပြုတ်တာတွေလုပ်နိုင်တယ်ဆိုပြီး သူပြောထားတာတွေက အပိုပြောတာမဟုတ်ကြောင်းကိုလဲ သက်သေပြဦးမှာ။

အားလူးချောင်းကြော်ပြီးသွားတော့ ယာဂုကိုလဲ အိုးထဲကခပ်လိုက်တယ်။ အားလုံးပြင်ဆင်ပြ​ီး အပေါ်ထပ်တတ်ကာ ယွီရှန်ဖုန်းနဲ့ သူ့သားကိုနှိုးဖို့ သွားလိုက်တယ်။

သူလှည့်လိုက်တဲ့အခါ ယွီရှန်ဖုန်းက လှေကားထောင့်လေးမှာ တိတ်တဆိတ်ရပ်နေတာကို တွေ့လိုက်ရတယ်။

Attract Villains' DaddyWhere stories live. Discover now