C 51-2

527 66 9
                                    

C 51

"ကျေးဇူးတင်ပါတယ်"လို့ပြောပြီး ရှစ်ယွီလှည့်ပြန်လိုက်တယ်။သူဆက်ပြီးမနေချင်တော့ဘူး။

သူလုပ်မိတာ ရေချိုးတဘက်ကိုဆွဲလိုက်မိရုံပဲဆိုပေမယ့် ထိုလူရဲ့မမြင်သင့်တာကိုမြင်လိုက်ရတယ်လေ။ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်သလဲ။

[Host!ဘာကိုဒီလောက်ကြောက်နေရတာလဲ။
ယွီရင်ချိုနဲ့တုန်းကကျ ဗိုလ်ကျကျပြုမူခဲ့ပြီးတော့]
System ရဲ့ ထေ့ငေါ့သံဟာသူ့စိတ်ထဲမှပဲ့တင်လာတော့တယ်။

ရှစ်ယွီက တုံ့ပြန်တဲ့အနေနဲ့ ချက်ချင်းပဲ သူ့​​ခြေလှမ်းတွေကိုရပ်တန့်လိုက်တယ်။

ဟုတ်တာပဲ!လမ်းသရဲတစ်ယောက်အနေနဲ့ ဘာကိုကြောက်နေရမှာလဲ။ဒီလိုချိန်မှာ ရှက်ရွံ့စိတ်လဲရှိမနေသင့်ဘူး။

အတွေးထဲနစ်နေတဲ့ရှစ်ယွီက သူ့နောက်မှာရှိနေတဲ့ယွီရှန်ဖုန်းကိုသတိမထားမိသလို ထိုလူက သူ့ရဲ့​တုံးလုံးဖြစ်နေတဲ့ခြေထောက်တွေကိုကြည့်ပြီး တဖြည်းဖြည်း မျက်မှောင်ကြုတ်လာတာကိုလဲ မသိလေဘူး။

"ခုလိုအခြေအနေမှာ တစ်ယောက်ယောက်ကတော့ရှက်ရွံ့မိမှာပဲ။ဒီအခွင့်အရေးကိုအသုံးချပြီး ငါ သူ့ကိုစမ်းသပ်ရမယ်။ငါ ဘာလို့အရှုံးပေးရမှာလဲ။ငါသာမရှက်ဘူးဆိုရင် သူဘယ်လိုနေမလဲ"
(ယိုသူမရှက်မြင်သူရှက်)

သူလှည့်ပြန်ခဲ့ပြီဖြစ်တာကြောင့် သူက အခွင့်ကောင်းလေးဆုံးရှုံးလိုက်ရပြီလို့ ခံစားလိုက်ရတယ်။

[မှန်တယ်။ဒီလိုပဲတွေးရမှာ။ကြီးမြတ်တဲ့ဆရာသခင်ဖြစ်လာဖို့ဆိုတာ မင်းအတွက်ခက်ခဲတဲ့အရာပဲ။တစ်ခုခုကိုကြိုးစားပြီးမလုပ်ရင် ဘယ်အချိန်မှာ နာမည်ကြီးလာတော့မှာလဲ]

ရိုင်းစိုင်းလှတဲ့systemပြောစကားပေမယ့် အဓိပ္ပာယ်ရှိသားပဲ။

"သိပါပြီ။နောက်ခါ သတိထားပါ့မယ်"

သူမြင်ခဲ့တဲ့ မြင်ကွင်းကိုတွေးမိပြီး မျက်နှာပူလာတဲ့ရှစ်ယွီက ခေါင်းငြိမ့်ပြလိုက်တယ်။

ရှစ်ယွီက အကျီတွေကို ဒီအတိုင်းသယ်သွားတဲ့အတွက် ယွီရှန်ဖုန်းက အိတ်ကို အိပ်ရာပေါ်ပြန်ထားလိုက်တယ်။

Attract Villains' DaddyWhere stories live. Discover now