part 1

8.1K 269 0
                                    

Unicode

တစ်နေ့တာအစကို လူတိုင်းက ဘယ်လိုသဘောထားကြတယ် မသိပေမဲ့

ကျွန်တော်ကတော့ မုန်းတယ်

နံနက်ခင်းကိုလည်း မုန်းသည်

တစ်နေ့တာ စတင်လာတာကိုလည်း မုန်းသည်

နိုးထလာရမှာကိုလည်း မုန်းသည်

အိပ်မောကျနေရာက နိုးလာပီး နေ့သစ်တစ်ခုကိုဖြတ်သန်းရတိုင်း အသက်ရှင်နေတုန်းပါလား

စိတ်ပျက်စရာနောက်တစ်နေ့တာကို ထပ်ကုန်ဆုံးရအုံးမှာပဲလို့တွေးမိရင်း အိပ်ရာကနေ မနိုးထချင်ပါ

ယခုတော့  ကျွန်တော် အိပ်ရာက နိုးလာပြန်ပီ

ယခုလည်း အရင်နေ့တွေနဲ့မထူးခြားနားတဲ့ စိတ်ပျက်စရာ တစ်ရက်တာက ကျွန်တော့်ကို  ကြိုနေပြန်ပီ

ကျွန်တော် သေလောက်အောင်မုန်းရတဲ့ မိုးလင်းချိန်ကို ရောက်လာပြန်ပီ

မနက်နိုးလာတော့ ညက သောက်ထားသမျှကြောင့် ခေါင်းက မကြည်မလင်

သို့သော်လည်း နိုးနေပီမို့ အိပ်ယာထဲမှာ ဆက်မနေချင်တော့ပါ

ထမလိုလုပ်တော့ ခါးမှာတွယ်ဖက်ထားတဲ့ လက်တစ်စုံက ထခွင့်မပေးခဲ့

တိုး၍တိုး၍သာဖက်လာရင်း

စပါးကြီးမြွေပမာ သူမရဲ့လက်လှလှလေးတွေက ကျွန်တော့်ကို ရုန်းထွက်မသွားနိုင် ရစ်နှောင်ထားသည်

ထဖို့မကြိုးစားတော့ဘဲ သူမကိုပြန်ဖက်ထားလိုက်သည်

'' ကျေနပ်ပီလား ''

ကျွန်တော့်အမေးမှာ သူမက မျက်လုံးမဖွင့်ဘဲ ပြုံးနေသည်

အဝတ်အစားမပါတာမို့ အတားအဆီးမရှိတဲ့ ကိုယ်ထည်နှစ်ခုက ပူးကပ်နေသည်

ဘယ်လောက်ပဲ နူးညံ့အိစက်နေတဲ့သူမအသားအရယ်ကိုထိကိုင်ထားရထားရ ဒါတွေဟာ အခုအချိန်မှာ ကျွန်တော့်အတွက် ဘယ်လိုမှ မဆွဲဆောင်နိုင်တော့ပါ

တခမ်းတနားဟိုတယ်တစ်ခုရဲ့ အိစက်စက်မွေ့ယာပေါ်မှာ  တစ်ကိုယ်လုံးအဝတ်မရှိတော့ဘဲ မိမိကို ဖက်တွယ်ထားသော မိန်းမတစ်ယောက်ကို ပိုင်ဆိုင်ထားရတာဟာ တကယ်တမ်းကြတော့လည်း ထင်သလောက် ပျော်ဖို့မကောင်းပါ

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now