part 25

1.5K 122 1
                                    

Unicode

Sကျိုးနည်းစေ့စပ်ပွဲကြီးကတော့ စတင်ပါပီ

'' အခုကတော့ ဒီမဂ်လာပွဲရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ သတို့သား သတို့သမီးတို့ ခန်းမထဲကို ဝင်လာတော့မည့်အချိန်ဖြစ်ပါတယ် ''

presenter ရဲ့စကားအဆုံးမှာတော့ beautiful in white သီချင်းနဲ့အတူ အနက်ရောင် သတို့သား သတို့သမီးက ခန်းမထဲကို ဝင်ရောက်လာပါတော့သည်

ပွဲခင်းထဲက ပရိတ်သတ်အားလုံးကတော့ all black ဝတ်ထားတဲ့ သတို့သား သတို့သမီးကို မြင်လေလေချင်း အချင်းချင်းခေါင်းဆိုင်ကာ တိုးတီတိုးတီဖြစ်ကုန်လေသည်

ထူးထူးခြားခြား နှစ်ယောက်လုံး အနက်ရောင်တွေချည်း ဝတ်ထားကြပေမယ့် ထူးထူးခြားခြားကို သူတို့နဲ့လိုက်ဖက်လွန်း ကြည့်ကောင်းလွန်းလှသည်

ကိုလေးရဲ့လက်ကို တွဲထားတဲ့ သတို့သမီးအမရဲ့ လက်ထဲက ပန်းစည်းလေးတစ်ခုသာ အဖြူရောင်ရှိသည်

နှစ်ဖက်လုံး ပန်းဖြူဖြူတွေ သွယ်တန်းထားပီး ပွင့်ဖတ်ဖြူလေးတွေဖြန့်ကျဲထားတဲ့ လမ်းလေးလျှောက် လှေကားထစ်လေးတွေကို ကျော်ကာ stage ပေါ်ကို တစ်လှမ်းချင်း  တက်လာနေပီဖြစ်တဲ့ သူတို့နှစ်ယောက်

ဘယ်သူမဆို ကြည့်လိုက်ရုံနဲ့ လိုက်ဖက်လွန်းမှန်းသိသာတဲ့ သူတို့နှစ်ယောက်က တကယ်ပဲ ကံကြမ္မာက ဖန်တီးပေးထားတဲ့ နတ်ဖက်တဲ့စုံတွဲတွေနဲ့ တူလွန်းသည်

တစ်ချိန် ပြန်တွေးရင် ကောင်းတာမရှိတဲ့ ဒီအမှတ်တရတွေကိုမှ မျက်တောင်မခတ်လိုက်ကြည့်နေမိသည်

ဒီကို လာမိတာ မှားများသွားလေပီလား

ဒီအသည်းနာစရာအဖြစ်အပျက်တွေကို တစ်ခုချင်းလိုက်မှတ်သားနေတဲ့ ကိုယ့်ဦးနှောက်ကပဲ ပျက်နေလေသလား

စေ့စပ်ပွဲတောင် ဒီလောက် ရင်နာနေရရင် လက်ထပ်ပွဲဆို ကျွန်တော် ငိုမိမလားပဲ

စေ့စပ်လိုက်ရရုံပဲကို ကို့ရင်ထဲမှာဖြစ်နေတာတော့ ကိုလေးကို ထာဝရ ဆုံးရှုံးရတော့မယ်ဆိုတဲ့ ခံစားချက်

ရင်ဘတ်တစ်ခုလုံး ပူထူပီး ရင်တစ်ခုလုံးက နာကျင်နေသည်

ဘာဒဏ်ရာဒဏ်ချက်မှမရလိုက်ဘဲနဲ့ကို လူက ဓားနှင့်ထိုးခံလိုက်ရသည့်နှယ် နာကျင်နေသည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now