Welcome back

1.5K 117 7
                                    

Unicode

'' lily was a little girl ''

နိုးစက်မြည်မြည်ချင်း ဆွေသာ ph ကို စမ်းကာ ပိတ်လိုက်သည်

lily လည်း ဆက်မဆိုနဲ့တော့ ငါနိုးနေပီ

ဆက်အိပ်ချင်သေးပေမယ့် ဒီနေ့မနက် လေဆိပ်မှာ ဧည့်သည်သွားကြိုရမည်မို့ မထလို့ မဖြစ်

မျက်လုံးကို မဖွင့်ဘဲ အတင်းကျုံးရုန်းထရင်း သွားနေကျ ရေချိုးခန်းဆီ မျက်စိမှိတ်ကာ လျှောက်သွားလိုက်သည်

မျက်လုံးဖွင့်ကြည့်လိုက်တော့ ရှေ့ကမှန်ထဲမှာ မြင်နေရတာက ကိုယ့်ရဲ့ပုံရိပ်ပင်

ဖြစ်သလိုနေတာကြာလာလို့လား မသိ လူပုံက အတော်ကို ကြည့်ရဆိုးနေသည်

မညှပ်ဖြစ်တဲ့ ဆံပင်ကလည်း ရှည်နေကာ အိပ်ယာထကာစမို့ ပိုလို့တောင် ရှုပ်ပွနေသေးသည်

မှုတ်ဆိတ်ရိတ်ခဲ့တာလည်း ဘယ်နေ့ကမှန်းမသိတော့

နှုတ်ခမ်းတစ်ဝိုက် စိမ်းစိုစို ဖြစ်လာတဲ့ နှုတ်ခမ်းမွေးတို့က ရိတ်မှဖြစ်တော့မည်

မှုတ်ဆိတ်ရိတ်ပီး သွားတိုက်ရန် သွားတိုက်တံကို လှမ်းယူလေတော့ လွင့်မပစ်ဖြစ်သေးတဲ့ သွားတိုက်တံလေးကို မြင်မိကာ တစ်စုံတစ်ယောက်ကို သတိရမိပြန်သည်

ဒါဟာ နေသားကျနေပီဖြစ်တဲ့ အလွမ်းပါ

အားလုံးပြင်ဆင်ပီးတော့ လေဆိပ်မရောက်ခင် ပန်းဆိုင်ဝင်ချင်သေးတာမို့ တိုက်ခန်းဆီကနေ ခပ်စောစောလေးထွက်လာလိုက်သည်

မနက်စောစောမို့ ကားလမ်း မပိတ်ခဲ့ပါ

ပန်းဆိုင်ကို ရောက်သွားလေတော့ မနက် 8 နာရီ မထိုးသေး

ပန်းတိုင်းက လှနေတော့ ဘယ်ပန်းယူရမလဲ အတော်ကို စဥ်းစားယူရသည်

ခုမနက်မှ ရောက်လာတဲ့ လတ်လတ်ဆတ်ဆတ်ကို ပန်းပွင့်တွေကြား ဟိုဒီလျှောက်ကာ ပန်းရွေးနေတဲ့ ကောင်လေးကို ကြည့်ရင်း ဆိုင်ဝန်ထမ်းကောင်မလေးတွေက ပြုံးနေသည်

နက်ပြာရောင် လည်ပင်းပိတ် ဆွယ်တာလက်ရှည်ကို အနက်ရောင် style pant တွဲဖက် ဝတ်ဆင်ထားပုံက သူနှင့်အတော်လိုက်ဖက်လွန်းသည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now