part 17

1.4K 122 0
                                    

Unicode

မနက်ဖြန်ဆို coffee ဆိုင်မှာ ပထမဆုံး အလုပ်ဆင်းရမည်မို့ ညကတည်းက စိတ်လှုပ်ရှားနေခဲ့သည်

ဘဝမှာ အလုပ်ပေါင်းစုံလုပ်ခဲ့ဖူးပေမယ့် အခုလို သမာအာဇီဝနဲ့တည်မြဲတဲ့ အလုပ်တစ်ခုကို ရတာကတော့ ပထမဆုံးမို့ ပျော်မိသည်

alarm ပေးထားတဲ့အတိုင်း အစောကြီးနိုးလာပီးတော့ မျက်နှာသစ် အဝတ်အစားလဲ ပြင်ရဆင်ရတာနဲ့ အတော်ကို အလုပ်ရှုပ်ခဲ့သည်

အစိမ်းနုရောင် uniform လေးနဲ့ အပြင်ထွက်လာတော့ ဒေါ်ကြီးက ကိုယ့်ကိုကြည့်ကာ ရီနေသည်

'' coffee သောက်သွားအုံးလေ ဆွေသာရဲ့ ''

ဒေါ်ကြီးကတော့ စေတနာနဲ့သတိပေးပေမယ့် ဆွေသာ ရီမိသည်

'' မသောက်တော့ပါဘူး coffee ဆိုင်မှာ ကျွန်တော်က အလုပ်လုပ်မှာလေ ဒေါ်ကြီးရဲ့ ''

'' ဟုတ်သားပဲ ''

အားလုံးပြင်ဆင်ပီးပီဆိုတော့မှ မနေ့က ကိုလေးပေးတဲ့ ဖိနပ်ကို စီးလိုက်သည်

ကိုလေးကို နှုတ်ဆက်မလိုလုပ်ခဲ့ပေမယ့် ကိုလေးအခန်းကို သွားကြည့်တော့ ကိုလေးမနိုးသေးပါ

ဒါနဲ့ပဲနှုတ်မဆက်တော့ဘဲအိမ်ကနေတစ်ယောက်တည်း  coffee ဆိုင်သို့သွားကာ အလုပ်သစ်စခဲ့သည်

coffee ဆိုင်မှာ အလုပ်လုပ်ရတာ တကယ်ကို ပျော်စရာကောင်းခဲ့သည်

ကိုသူရိန်က တကယ့်ကို ဘက်မလိုက်တတ်တဲ့လူမျိုးပါ

ကိုယ့်ကို ကိုလေးဆိုတဲ့အဆက်အသွယ်နဲ့ရောက်လာခဲ့ပေမဲ့ အားလုံးနဲ့နီးတူ တန်းတူသာဆက်ဆံသည်

ဆိုင်ဝန်ထမ်းဆိုသည့်အတိုင်း ဆိုင်ဝန်ထမ်းနဲ့တူအောင်အလုပ်လုပ်ရပီး ဘယ်နေရာမှာမှ အရေးမပေးခဲ့ပါ

အစပိုင်းမှာတော့ menu လက်ခံ coffee ပို့ cake ပို့နဲ့ ပန်းကန်ကအစ ဆေးရသည်

coffee စေ့ကိုမြင်လဲမမြင်ရသလို bakery class လဲ ဘယ်နားမှန်း မသိခဲ့ပါ

မနက်နဲ့ညနေပိုင်းတွေမှာ ကိုလေးက လိုက်ပို့လိုက်ကြို လုပ်ပေးမယ် ပြောထားခဲ့ပေမယ့် အချို့ရက်တွေမှာ ကိုလေးမနိုးသေးတာနဲ့ ကိုယ်တိုင်သာ တိတ်တိတ်လေးခိုးသွားခဲ့သည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now