part 32

1.8K 113 0
                                    

Unicode

'' မင်းငိုနေတာလား ''

သူ့ရဲ့လက်ဖဝါးနုနုလေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ မျက်နှာအပ်ပီး ငိုနေမိခဲ့တော့ သူ့လက်ပေါ်ကို စီးကျတဲ့မျက်ရည်စတို့ကပဲ သူ့ကို လှုပ်နှိုးခဲ့လေသလား

နိုးနိုးလာပီးချင်း စပြောတဲ့စကားက မင်းငိုနေတာလားတဲ့

ငိုလက်စ မျက်ရည်တွေကို သုတ်ရင်း သူ့ကိုပြန်ပြောမိသည်

'' မငိုပါဘူး ''

မျက်နှာလွှဲကာ မျက်ရည်တွေ သုတ်ရင်း မငိုပါဘူးပြောတဲ့ ကိုယ့်ကာ ကြည့်ကာ သူက အသံထွက်အောင် ရီသည်

သူ့ရီသံတွေက အရင်လိုမလတ်ဆတ်တော့ပါ

ဒါပေမယ့် သူရီနေတဲ့အသံလေးကိုကြားရတော့ စိတ်ထဲက အလိုလိုပျော်မိသည်

'' ကိုလေးကတကယ်မကောင်းတာပဲ သူများငိုနေတာကို ဘာလို့ လိုက်ရီနေတာလဲ ''

ကိုင်ထားတဲ့ သူ့လက်လေးကို လွှတ်ချရင်း စိတ်ဆိုးသလိုပြောလိုက်တော့ သူက အရီရပ်သွားသည်

ပီးတော့မှ

'' ဒီထက်နောက်ကျမှ သိစေချင်ခဲ့တာကို ''

'' ငါ့အတွက်နဲ့ မငိုပါနဲ့ မင်းမျက်ရည်တွေကို ငါ့ကြောင့်နဲ့ မကျစေနဲ့လား ''

'' ငါ့ထက် ပိုအဖိုးတန်တဲ့လူတစ်ယောက်အတွက် သိမ်းထားလိုက်ပါ ငါ့ကြောင့်နဲ့တော့ မငိုပါနဲ့ ''

'' ငါသေရင်တောင် မငိုပါနဲ့လို့ ပြောထားခဲ့တယ် မဟုတ်လား ''

သူက မငိုပါနဲ့ပြောမှ ကိုက ပိုငိုချင်လာသည်

'' ဘာလို့ အဲ့လိုပြောရတာလဲ ''

မေးလိုက်တဲ့ အသံက ငိုသံရောကာ စကားလုံးတွေ ကြားရသူအဖို့ မသဲကွဲတော့ပါ

'' ကိုက မင်းရဲ့မျက်ရည်တွေနဲ့ မထိုက်တန်တဲ့လူပါ ''

ဘာလို့ ကိုလေးက ကျွန်တော့်မျက်ရည်တွေနဲ့ မထိုက်တန်တဲ့လူဖြစ်ရမှာလဲ

စိတ်ထဲကနေသာ ပြောမိသည်

ဒီလိုအချိန်မှာ ကိုလေးကို ခွန်းတုံ့ပြန်တဲ့ စကားတွေ မပြောလိုတော့လို့ ငြိမ်သာနေလိုက်သည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now