part 14

1.6K 141 1
                                    

Unicode

အသုဘရက်ဖြစ်သည့်အလျောက် ကိုလေးနဲ့ကျွန်တော် ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ကူးရင်း အလုပ်တွေရှုပ်ခဲ့ကြသည်

သခင်ကြီးကတော့ အသုဘအိမ်မှာပဲ တစ်ချိန်လုံးနေသည်

သူလည်း မိခင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သားတစ်ယောက်ပဲ ခုချိန်မှာတော့ ဝမ်းနည်းနေရှာမှာသေချာသည်

ကျွန်တော်တို့နဲ့ တရင်းတနှီးနေတဲ့လူတစ်ယောက် ကျွန်တော်တို့ဘဝတည်း​က အပီးအပိုင် ထွက်သွားတာပဲ

နောက်မတွေ့ရတော့ဘူးဆိုတဲ့ အတွေးနဲ့တင် စိတ်မကောင်းဖြစ်ရသည်မဟုတ်ပါလား

ဆွေသာ့ဘဝမှာတော့ အမေနဲ့အဖေကလွဲရင် ဆုံးရှုံးသွားလို့ဆိုပီး ဘယ်သူ့အတွက်မှ ထပ်မငိုခဲ့ဖူးပါ

ဘယ်သူ့အတွက်မှ ထပ်မငိုရအောင်လည်း ဘယ်သူ့ကိုမှ မယုံကြည်ဘဲ ဘယ်သူ့ကိုမှမချစ်မိအောင် ဒီနေ့ဒီအချိန်ထိ နေလာခဲ့ရသည်

တစ်ခုခုကို ပိုင်ဆိုင်လိုက်ရပီဆိုရင် ဆုံးရှုံးတတ်ဖို့လည်း ကျွန်တော်တို့က ကြိုတွေးထားသင့်တယ်လေ

ဒါဟာ တစ်ခုပေးပီး တစ်ခုပြန်ယူတတ်တဲ့ လောကကြီးရဲ့ဓမ္မတာတရားပါပဲ

ကိုလေးကတော့ ကျွန်တော် ပထမဆုံးရင်းနှီးကြည့်ချင်မိတဲ့ သူစိမ်းတစ်ယောက်ပေါ့

ကိုလေးနဲ့ပတ်သက်ရင် အရာရာကိုသိချင်သည် ကိုလေးကို ပြုံးစေချင်သည် ကိုလေးကို ပြုံးအောင်လည်း လုပ်ပေးချင်မိသည်

အခုလိုမျိုး သေခြင်းတရားက ခွဲခွာပီး ဆုံးရှုံးသွားရတာမျိုး မဖြစ်စေချင်ပါ

လူတွေ သေတာကို အကြိမ်ကြိမ်မြင်ဖူးပီး အခုလည်း ကို့အရှေ့မှာ ကိုလေးအဘွားဆုံးတာကို မြင်တွေ့နေရသည်

သူများတွေသေသွားတာကြည့်ပီး ငါများသေသွားရင် ဆိုတဲ့အတွေးကို ခနခန တွေးကြည့်ဖူးခဲ့သည်

ကျွန်တော့်အတွက်တော့ အသက်ရှင်နေရတာထက်စာရင် သေရတာကမှ ပိုကောင်းလိမ့်မယ်ဆိုတာ သေချာခဲ့သည်

သေခြင်းတရားဆိုတာ ကျွန်တော့အတွက်တော့ နည်းနည်းလေးမှ ကြောက်စရာမကောင်းခဲ့ပါ

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now