part 7

1.9K 157 1
                                    

Unicode

ကိုလေးကလည်း မနက်ဆို coffee ဆိုင် အိမ်နဲ့ တစ်ခါတစ်လေ company ကလွဲရင် ဘယ်မှ သိပ်မသွားတတ်ပါ

အမှောင်ချထားတဲ့ သူ့အခန်းထဲမှာ နေတဲ့အချိန်ကများပီး အဲ့အချိန်ဆို ဆွေသာအောင်လဲ အိမ်မှာပဲ ဒေါ်ကြီးတို့အတူ ဟိုလုပ်ဒီလုပ်ပေါ့

တစ်ခါတစ်လေ ပျင်းလို့ ခြံထဲဆင်းပီး ပန်းပင်ရေလောင်းနေရင်တော့ ကိုလေးက တစ်ခါတစ်ခါ လေသာဆောင်ကနေ ထွက်ကြည့်တတ်သည်

ကိုလေးရဲ့အဖေနဲ့အမေကတော့ အရင်ကတွေ့နေမြင်နေကြအတိုင်းပင်

ညတစ်ခါတစ်ရံမြင် နေ့ပျောက်သွားနဲ့ ဒီနေ့ဒီအချိန်ထိ ဆွေသာအောင် ဒီအိမ်မှာနေနေတာကိုတောင် သိပုံမပေါ်ကြပါ

ဒီအိမ်ကြီးထက် ဒီအိမ်နေတဲ့လူတွေကလည်း ထူးဆန်းသည်

မိသားစုဝင်တွေကလည်း တစ်ဦးနဲ့တစ်ဦး စကားမပြောကြသည့်အပြင် အိမ်ကကောင်မလေးတွေကလည်း ဒီအိမ်သားတွေအကြောင်း ဘာမှမသိ

ဟိုးအရင်ကတည်းက နေလာတဲ့ ဒေါ်ကြီးကလည်း အားလုံးကို သိပုံပေါ်ပေမယ့် အမြဲ တစ်ခုခုကို ဖုံးကွယ်ထားသလိုလို ခံစားရသည်

ဒီနေ့တော့ ကိုလေးကလည်း အိမ်မှာနေနေတာမို့ ကိုလေးကို ခွင့်တောင်းပီး ဆွေသာ အပြင်ထွက်လာခဲ့လိုက်သည်

ဒီနေ့က နေကြီးနဲ့ ယွန်းမြတ်နိုးတို့ လက်ထပ်စာချူပ်မှာ လက်မှတ်သွားထိုးကြသည့်နေ့ဖြစ်သည်

သတို့သားရယ် သတို့သမီးရယ် အသိသက်သေနေရာမှာလက်မှတ်ထိုးဖို့ ဆွေသာအောင်ရယ် နောက်သူငယ်ချင်းတစ်ဦးရယ်သာ ပါသည်

ကြီးကြီးကျယ်ကျယ်မဟုတ်ပေမယ့် သူရယ်ကိုရယ် ရင်းနှီးတဲ့မိတ်ဆွေလည်းအနည်းငယ်နဲ့ ရုံးမှာ လက်မှတ်သွားထိုးရုံပဲကို သူတို့နှစ်ဦးကတော့ သိပ်ပျော်နေကြသည်

ကိုချစ်ရသူနဲ့အတူတူရှိနေရရင် ဘယ်တွေများထပ်လိုတော့မှာလဲ အထူးသဖြင့် ကိုတွေလို ဘဝတွေပေါ့

ပြုံးပျော်နေကြတဲ့ သူတို့မျက်နှာလေးတွေကိုကြည့်ရင်း အချစ်ဆိုတာ တကယ်ရော ရှိရဲ့လား သိချင်သေးသည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now