part 9

1.8K 169 2
                                    

Unicode

ကလောဆိုတာ ဖွက်ထားတဲ့နတ်ဘုံသေးသေးလေးမှန်း ဘယ်လောက်သာယာမှန်း ရောက်ဖူးတဲ့သူတိုင်းကသိသည်

တောတောင်တွေ သစ်ရွက်တွေ အေးချမ်းသာယာမှုတွေကို ဖြတ်တိုက်လာသည့်လေမို့ တိုက်ခတ်နေတဲ့လေကအစ လတ်ဆတ်နေသည်

ပုံမှန်မြင်နေကြ ကောင်းကင်ရဲ့အရောင်ကလည်း ဒီမှာမှ ပိုလှနေသလိုခံစားရသည်

ကိုလေးက ကားကို hotel မှာ ထားခဲ့ပီး သူတို့ကားနဲ့ပဲ လိုက်လာခဲ့လိုက်ကြသည်

ကားပေါ်တက်တော့ သူတို့က ကိုယ်ကို့ ဧည့်သည်မို့ ဦးစားပေးကာ တက်ခိုင်းခဲ့ကြသည်

သူတို့ကားနောက်ဆုံးခုံကို ကိုကအရင်တက်သွားပီးလိုက်တော့ ကို့ဘေးနားရောက်လာသူက ကိုလေးပင်

ကို့နံဘေးကို ကိုလေးရောက်လာတဲ့ အဲ့ဒီအချိန်တိုလေးအတွင်းမှာ သိပ်ကို ပျော်သွားခဲ့သည်

သိပ်အနေမနီးသေးတဲ့ အကိုကြီးတွေနဲ့ထိုင်ရမှာကိုလည်း နည်းနည်းတော့ စိုးရိမ်ခဲ့မိသည်

သိပ်မရင်းနှီးတဲ့လူနဲ့ ဘေးချင်းကပ်ပီး ကားစီးရမှာက နည်းနည်းတော့ အနေခက်တယ်လေ

ပီးတော့ ကိုလေးက ကို့အနားလာမထိုင်မှာကို ပိုတောင်စိုးရိမ်မိသည်

ကိုလေးအတွက် ကိုက အခုချိန်ထိ သူစိမ်းသာသာ လူတစ်ယောက်သာ ဖြစ်နေမှာကို မသိစိတ်က ကြောက်နေခဲ့သည်

ကိုကတော့ ကိုလေးအနားမှာသာ ထိုင်ချင်သည်

ဒါပေမဲ့ ကိုလေးက အခုထိ ကိုယ့်ကိုစိမ်းနေသေးမှာ ကို့အနားမထိုင်ချင်မှာကို နည်းနည်းလေး စိတ်ထဲမထင့်မရဲဖြစ်မိသည်

ကိုလေးသာ ကို့အနားမထိုင်ခဲ့ရင် နည်းနည်းလေးတော့ စိတ်မကောင်းဖြစ်မိလိမ့်မည် ထင်သည်

ဒါပေမဲ့ ကိုလေးက ကို့ဘေးကို ဝင်ထိုင်တော့ ဘာမဟုတ်တဲ့ ဒီအပြုအမူသေးသေးလေးက ကို့ကို တိတ်တိတ်ကလေးပြုံးစေခဲ့သည်

ကားလမ်းဘေးက မနိမ့်တနိမ့်တောင်စောင်းလေးနံဘေး ထင်းရှူးပင်တို့က အုံ့အုံ့ဆိုင်းဆိုင်းရှိရာတွင် ကားက ရပ်သွားသည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now