extra ( ဦးနေထက်နိုင်)

2K 93 0
                                    

Unicode

အခန်းထဲ မျက်ရည်တွေကျရင်း သားရေးထားတဲ့စာလေးကို ပြန်ထုတ်ဖတ်နေမိသည်

တကယ်ပဲ ကိုများခဲ့လေသလား ကောင်းစေချင်လို့ လုပ်ပေးခဲ့ပေမယ့် ကို့စေတနာတွေက တကယ်ပဲ လွဲချော်ခဲ့လေသလား

အရာအားလုံးက နရီတို့အမေ နန်းကို စတွေ့သည့်နေ့ကစတင်ခဲ့သည်

နန်းကို ပထမဆုံးစတွေ့ခဲ့သည့်နေ့ကို ယနေ့ထိတိုင် မမေ့နိုင်သေး

စီးပွားရေးကိစ္စနဲ့ အသိရဲ့အိမ်ကို သွားရင်းက ခြံမှားကာ နန်းတို့အိမ်ခြံဝန်းလေးထဲ ဝင်သွားမိခဲ့သည်

တံခါးဖွင့်ထားလေတော့ ခြံဝန်းထဲ ဝင်လာလေမိရာက ခြံထောင့်မှာ ပန်းချီဆွဲနေတဲ့ နန်းကို ပထမဆုံးမြင်ဖူးခဲ့သည်

ဘာမှပြင်ဆင်ထားတာမရှိပါဘဲ ရိုးရိုးလေးနဲ့လှနေခဲ့တဲ့ သူဟာ ရောင်စုံပန်းချီကားတစ်ချပ်ကို ပုံဖော်နေသည်

သူ့အာရုံနဲ့သူမို့ ကိုဝင်လာတာကို မမြင်လေဘဲ အာရုံစိုက်ပီး ပန်းချီဆွဲနေတဲ့ မိန်းကလေးကိုမှ မြင်မြင်ချင်းချစ်ခဲ့မိသည်

သူ့အကြောင်းမသိပါဘဲ သူ့ကိုအရင်ချစ်ခဲ့လေပီးမှ သိရတဲ့ သူ့အကြောင်းမှန်သမျှကိုလည်း ချစ်တတ်ဖို့ ကြိုးစားခဲ့ရသည်

နန်းက ဥပဒေကျောင်းသူတစ်ယောက်ဖြစ်ကာ ထက်မြက်သည် ရဲရင့်သည် ထို့ထက် အိန္ဒြေကြီးပီး တည်ငြိမ်ကာ ဘယ်သူကမှ အလွယ်တကူမချဥ်းကပ်ရဲသူဖြစ်သည်

နန်းရဲ့ကျောင်းရှေ့မှာ နန်းကျောင်းသွားကျောင်းပြန်ကိုသာ ခိုးကြည့်ခဲ့ရသည်က တစ်လနှစ်လတည်းမက

အမြဲ မြန်မာရင်ဖုံးလက်ရှည်နဲ့ ထဘီလေးတွေကိုသာတွဲဝတ်တတ်တဲ့နန်းက သူ့ဆံပင်တွေကို အမြဲဆံထုံးထုံးထားတတ်သေးသည်

နန်းကိုတစ်နှစ်ကျော်လောက် ခိုးကြည့်ပီးခဲ့တဲ့နောက်မှာတော့ နန်းကျောင်းပီးသည့်အချိန်မှာ မိဘတွေကို အပူတိုက်ကာ နန်းကိုတောင်းရမ်းပေးဖို့ တောင်းဆိုခဲ့မိသည်

ထိမ်းမြားလက်ထပ်ချင်တဲ့ အကြောင်းကို လူကြီးတွေကနေ တလေးတစား ကမ်းလှမ်းခဲ့ပေမယ့် နန်းကို အိမ်က လက်မခံခဲ့ပါ

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now