part 28

1.5K 120 1
                                    

Unicode

ကိုလေးရဲ့လူနာခန်းလေးထဲကို နေရောင်ခြည်များ ဝင်လာလေမလား မှန်တံခါးကို ဖွင့်ကာကြည့်လိုက်တော့ မြောက်လေအေးအေးတို့ကသာ သူ့ထက်ငါအရင် တိုးဝင်လာသည်

အို ဆောင်းရောက်တော့မှာပါလား

မိုးဦးကာလတုန်းက ကိုလေးနဲ့ စဆုံတွေ့ခဲ့တာ ခုဆို ဆောင်းတောင်ဝင်တော့မည်

ဘယ်လောက်မကြာဘူးထင်ရပေမယ့် ကျွန်တော့်ဘဝအတွက်တော့ အမှတ်ရစရာအကောင်းဆုံး မိုးရာသီဖြစ်ခဲ့ပါသည်

လေအေးတွေ ဝင်လာမည့်အတူတူတော့ ပိတ်ထားလိုက်တာ ကောင်းပါတယ်ဆိုပီး တံခါးပိတ်ကာ ပြန်လှည့်လာတော့ ကိုလေးက ကို့ကိုကြည့်နေသည်

ကိုလေးနိုးလာမည့်အချိန်ကို တစ်ချိန်လုံးစောင့်နေခဲ့တာ ဘယ့်နှယ်ကြောင့် ကိုနောက်ခိုင်းခါမှ နိုးလာရတာပါလိမ့်

နိုးလာပြန်ရော့တော့လည်း အသံမပေးဘဲ တိတ်တိတ်ကလေး ကိုယ့်ကိုကြည့်နေသေးသည်

ဆေးရုံပေါ်ရောက်နေခြင်းအပေါ်တော့ အံ့သြပုံမပေါ်ပါ

'' ကိုလေး ဘယ်အချိန်နိုးသွားတာလဲ ကျွန်တော်တံခါးဖွင့်လိုက်လို့လား ''

ပြောရင်း သူ့နားသွားလေတော့ သူပထမဆုံးပြောတဲ့စကားက

'' ကို့ကို ဘယ်သူဆေးရုံပေါ်ခေါ်လာတာလဲ ''

ဒီမေးခွန်းကို ဖြေသင့်မဖြေသင့်ဆွေသာ အချိန်ယူစဥ်းစားမိသည်

နောက်ဆုံးတော့လည်း အမှန်အတိုင်းပြောတာ ကောင်းပါတယ်လေ လို့ပဲတွေးမိသည်

'' ကိုလင်းထက်လေ ကိုလေးနောက်ကို စက်လှေနဲ့လိုက်လာပီး ရေထဲဆင်းဆယ်တာ ဆေးရုံထိလိုက်ပို့တာလည်း သူပဲ ညက အစအစအရာရာ စီစဥ်ပေးခဲ့တာလည်း သူပဲ ခုမနက်တောင် ပြန်လာမလားပဲ ဘာလို့မလာသေးတာလဲ... ''

'' သူ ပြန်လာမှာ မဟုတ်ပါဘူး ''

'' ဗျာ ''

ကိုစကားပြောနေတုန်း ကိုလေးက ဖြတ်ပြောသည်

'' သူထပ်လာမှာ မဟုတ်တော့ပါဘူး ''

ကိုက လာဦးမယ်ထင်ပေမယ့် ကိုလေးက မလာဘူးချည်းပြောနေတော့လည်း ဟုတ်ပေါ့

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now