part 4

2.2K 174 2
                                    

Unicode

နေဝင်ရီတရောရောက်တော့ ဆွေသာအောင် ဘာကိုမှမတွေးတော့ဘဲ တိုက်ခန်းဆီကို တက်လာလိုက်သည်

ကြုံကိုကြုံရမဲ့အရာတွေက ခုမကြုံလဲ တစ်ချိန်ကျ ကြုံကိုကြုံရမှာပဲ

သေမဲ့လူက ထိုင်စောင့်မနေလဲ သေမှာက သေမှာပဲလေ

ကိုနေတဲ့အလွှာကိုရောက်ပီး elevator က ထွက်လာလိုက်တော့ ကိုယ်ထင်ထားတာ ထက်ကို လမ်းတစ်လျှောက် လူရှင်းနေသည်

မမရဲ့လူကြီးက မစောင့်တော့ဘဲ လက်လျော့လိုက်တာများလား

ဟိုဟိုဒီဒီကို တွေးမနေတော့ဘဲ ယူစရာရှိတာကိုသာ ယူဖို့ အခန်းတံခါးကို မြန်မြန်ဖွင့်ပီး ဝင်သွားလိုက်တော့သည်

အခန်းထဲမှာလည်း မနေ့က သူတို့ဝင်ရှုပ်ခဲ့သမျှ ပွစလောင်းကိုလန်နေသည်

ဘာတွေအဖိုးတန်တာများရှိမှာမို့လို့ ဒီလောက်ရှုပ်ပွအောင် ရှာသွားရတာလဲ

ကိုလည်း ကိုလိုချင်တာ ယူဖို့လာတာမို့ ရှာစရာရှိတာသာ ရှာလိုက်တော့သည်

ထား​နေကျနေရာဖြစ်တဲ့  ခေါင်းအုံးအောက်ကအိတ်ရှုံ့လေးကို တွေ့တော့မှ တော်ပါသေးရဲ့ဆိုပီး သက်ပြင်းချနိုင်တော့သည်

'' ဒုန်း ''

တံခါးကို ဆောင့်ကန်လိုက်တာမို့ ထွက်လာတဲ့အသံကျယ်ကြီးနောက်မှ သစ်စကျိုးတို့ကပါ လွင့်စင်လာသည်

ပီးတော့ အခန်းထဲကိုဝင်လာတဲ့ လူအုပ်စုလိုက်ကြီးက ကြက်သီးထချင်စရာ ကိုယ့်ကို  ဝိုင်းအုံထားသည်

သူတို့အုပ်စုကြီးနောက်ကမှ ပေါ်ထွက်လာတဲ့ သက်လတ်ပိုင်းအရွယ် သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ထားတဲ့ ယောက်ျားက မမယောက်ျားဖြစ်နိုင်သည်

မျက်ထောင့်တို့က နီရဲကာ ဆံပင်မသေမသပ်နဲ့ စိတ်နဲ့လူကလည်း ကပ်ပုံမပေါ်ပါ

'' မင်းလား မင်းတဲ့လား ''

hoodie အဖြူရောင်ပွပွကြီးနဲ့ ဘောင်းဘီအနက်ရောင် ပွပွကြီးကို ဝတ်ထားတဲ့ ကောင်သေးသေးလေးကို သူက ခနဲ့ချင်နေပုံရသည်

'' ကြည့်ကြပါအုံး ခုခေတ်ပိုင်းလုံးတွေက ရုပ်ကလေး သနားကမားနဲ့ ဒီလိုပဲ ချစ်စရာလေးလား ''

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now