part 6

2.1K 175 0
                                    

Unicode

နောက်ရက်တွေမှာလည်း ကိုလေးက အိမ်ပြင်မထွက် အခန်းတွင်းပဲအောင်းနေသည်

ကိုလေးက အခန်းထဲအောင်းနေတော့ ကိုလေးကိုကပ်ပီးနေရတဲ့ ကိုကပါ အိမ်ထဲအောင်းနေရသည်

သေချာပြန်တွေးမိတိုင်း ငါဘာတွေလုပ်မိတာပါလိမ့်ဆိုတဲ့ အတွေးက ခနခနပေါ်လာသည်

ဘာလို့များ ကိုနဲ့မလိုက်မဖက် အဲ့ဒီ့စကားတွေကို ပြောခဲ့မိတာပါလိမ့်ဆိုပီး ခေါင်းကိုကုတ်ရတာလည်း အမောပဲ

အရိုက်ခံရတာများသွားလို့ စိတ်လွင့်သွားလေသလား

သေတော့မှာပဲဆိုပီး ပြောချင်တာတွေများ ပြောလိုက်တာလား

တစ်ဘဝလုံးစာ ပူပန်စရာမလိုတဲ့ ​ဖိနပ်ဝယ်ပေးပါတို့ ဒီအတိတ်ဆိုးတွေကနေ တစ်ခါလောက်ဆွဲထုတ်ပေးပါလားလို့

ပြန်တွေးကြည့်ရင်တောင်ဘယ်လိုမျက်နှာပူမှန်းမသိတာတွေကို ဘယ်လိုပြောခဲ့မိပါလိမ့်

အခုလို ကိုလေးက ခေါ်လာပီး ဆွေသာ သူ့ဆီမှာ နေရတာကို တကယ်သဘောကျပါတယ်

စားချိန်တန်စား လိုအပ်သမျှလည်း သူကဖြည့်ပေးရင်း နေရတာ အခုတော့ မျက်နှာရိပ်မျက်နှာကဲကြည့်ရင်း နည်းနည်းပျင်းဖို့ကောင်းပေမဲ့ အရင်ကထက်စာရင် အများကြီး အကုသိုလ်ကင်းတယ်

ကိုလေးအခန်းထဲအောင်းနေတဲ့အချိန်ဆို ဆွေသာက ဒေါ်ကြီးတို့ကို သွားကူရင်း ဟိုဟိုဒီဒီစကားပြောကာ အချိန်ဖြုန်းသည်

ဒေါ်ကြီးက စတွေ့တုန်းက ဆွေသာ့ကို သဘောမကျဖူးထင်ခဲ့သေးသည်

တကယ်ခင်လာရတော့ ဒေါ်ကြီးက သဘောကောင်းပီး ဖော်ရွှေသည် ကိုလေးကိုလည်း အတော်ချစ်ပုံရသည်

ဒါပေမယ့် ဒေါ်ကြီးက တစ်ခါတစ်လေကျတော့ တစ်မျိုးကြီးပဲ

အိမ်ကလူတွေအကြောင်းမေးရင် သက်သက်ကို စကားလမ်းကြောင်းလွှဲကာ မျက်နှာမကောင်းတော့

ဒီအိမ်ကို ဆွေသာရောက်တာ သုံးရက်လောက်ရှိပေမဲ့ ခုချိန်ထိ ကိုလေးရဲ့ အဖေနဲ့အမေကို သေချာနှုတ်မဆက်ရသေးပါ

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now