part 26

1.5K 123 1
                                    

Unicode

'' အိမ်ပြန်ကြရအောင် ''

ကျုံးရှေ့မှာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ကြဘဲ အချိန်အကြာကြီး အတူထိုင်နေခဲ့ပီးမှ ကိုလေးဆီက ပထမဆုံးထွက်လာခဲ့တဲ့စကား

'' အိမ်ပြန်ကြရအောင်လေ ''

အတူထိုင်နေရာမှ မတ်တပ်ရပ်လိုက်ပီး ကို့ဆီကို လက်ကမ်းလာ ပြုံးရင်း လှမ်းခေါ်နေသည်

'' ဒီညတော့ ကျွန်တော် အပြင်မှာပဲ အိပ်လိုက်မလားလို့ ''

'' ဘာလို့ အပြင်မှာအိပ်ရမှာလဲ ''

ပြန်ပြောလာတဲ့ ကိုလေးအသံမှာ ကို့စကားအပေါ် သဘောမကျဟန်ပေါ်လွင်နေသည်

'' ကျွန်တော်ပြန်လို့ ဖြစ်ပါ့မလား ကျွန်တော့်ကြောင့်နဲ့ အားလုံး အရှက်ရစရာတွေဖြစ်ထားတာကို ''

'' အဲ့တာဆို ကိုယ့်ကို ပထမဆုံး ရန်လာတွေ့တဲ့အန်တီကြီးကရော မင်းကြောင့်ဖြစ်ရတာလား ''

'' အဲ့ဒါတော့ ကျွန်တော့်ကြောင့်မဟုတ်ပေမယ့် နောက်ထပ်ဖြစ်တဲ့ပြသာနာက ကျွန်တော့်ကြောင့်ပဲလေ ''

'' ဦးရဲနိုင်လား ''

'' အဲ့လူကြီးက အငြိုးကြီးတာလေ မင်းကို အရင်တစ်ခါက အလွတ်ပေးလိုက်ရလို့ ခိုးချောင်ခိုးဝှက် လက်စားချေချင်တဲ့ အကျင့်မကောင်းတဲ့ခွေးကောင် ''

အေးအေးဆေးဆေး နေတတ်တဲ့ကိုလေးဆီက ဆဲတဲ့စကားထွက်လာတော့ အံ့သြရပြန်သည်

'' လူဖြစ်ပီး ကတိစကားလေးတစ်ခုတောင် မတည်နိုင်ဘူး ဒါနဲ့များ ဘာလို့ ပိုက်ဆံတောင်းခဲ့သေးလဲ မိန်းမဖောက်ပြန်လို့နာကြည်းတာထက် မိန်းမကို အသုံးချပီး ငွေရပီးရော လုပ်ချင်တာ  ''

'' ကိုလေး ဘာပြောလိုက်တာလဲ ''

ကိုက ထမေးလေတော့ ကိုလေးကိုကြည့်ရတာ သူ့စကားကျွံသွားပီဆိုတာ သတိထားမိသွားပုံပေါ်ကာ မျက်နှာလွှဲသွားသည်

'' ပိုက်ဆံပေးလိုက်ရတာလား ဘယ်တုန်းကလဲ ကျွန်တော့်ကြောင့်လား ''

ကိုက မေးလေ သူက မျက်နှာရှောင်ကာ မသိချင်ယောင်ဆောင်လေ

'' ကိုလေး ကျွန်တော် မေးနေတယ်လေ ''

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now