ညစာစားပီးတော့ အိမ်ရှေ့လေသာဆောင်မှာ ကိုလေးအဖေ ကိုလေးအမေနဲ့အတူ လေးယောက်သားထိုင်ဖြစ်ကြသည်
ကိုတွေက ဟိုဟိုဒီဒီ စကားပြောကြရင်း ကိုလေးအမေက ချည်ထိုးရင်းပေါ့
ကိုလေးအမေချည်ထိုးနေတာမြင်လေတော့ ကိုလေးဆေးရုံတက်စဉ်က ကိုလေးအတွက်ရယ်လို့ ရည်ရွယ်ကာ ထိုးပေးဖြစ်ခဲ့တဲ့ ဦးထုပ်လေးကို ဆွေသာ သတိရမိသည်
သတိရတဲ့အချိန် အခန်းထဲပြန်ရှာပီး ကိုလေးကို ထုပ်ပြလေတော့ ကိုထိုးပေးတဲ့ ဦးထုပ်ကိုကြည့်ရင်း တဝါးဝါး ရီပါလေတော့သည်
'' အဲ့တာကြောင့် အမေ့ကို သူ့ကိုသင်မပေးပါနဲ့လို့ ပြောတာ ခုတော့ ကြည့်ပါဦး ဒါက ဦးထုပ်တဲ့ ''
သူ့လက်ထဲက အရာက ရီရင်လည်း ရီချင်စရာပါ
အပြာရောင်ချည်ထွေးတစ်ခုသာသာဖြစ်ပီး ကလေးလေးတစ်ယောက်တောင် စွပ်လို့မရလေးတဲ့ အရွယ်အစား
'' ငါတောင်းပန်ပါတယ် မင်းနောက်ထပ်ပီး ချည်မထိုးပါနဲ့တော့ ရီရလွန်းလို့ ဟားဟားဟား ''
'' ပြန်ပေးတော့ ကိုလေးရာ ''
ပြန်ပေးဖို့ပြောရင်း ကိုလေးလက်ထဲကနေ အတင်းလိုက်လုနေတဲ့အရာကို မြင်လေတော့ ကိုလေးအဖေနဲ့အမေကပါ တဟားဟား ရီကုန်သည်
ဒါတွေ အားလုံး ကိုလေးကြောင့်
နည်းနည်းသေးပီး နည်းနည်းလေးပုံပျက်ပန်းပျက်ဖြစ်သွားတာက လွဲရင် ဦးထုပ်မှန်းတော့ သိသာပါသေးသည်
ဒါကို တဟားဟားနဲ့ လှောင်ရီနေသည်
စိတ်တိုစရာသိပ်ကောင်းတဲ့ လူကြီး
ကိုယ့်ကိုလှောင်ကောင်းနေတဲ့ ကိုလေးကို ကိုလေးအဖေက လှမ်းခေါ်သည်
'' နရီ ''
'' ဗျာ ''
'' အခုလို နေလည်းပြန်ကောင်းလာပီဆိုတော့ အရင်တုန်းက ပြောထားတဲ့ အဖေ့အလုပ်တွေ ကူပေးချင်တယ်ဆိုတဲ့ စကားလေ ''
ကိုလေးအဖေရဲ့ စကားပင် မဆုံးသေးပါ ကိုလေးက တဝါးဝါး သမ်းပြရင်း
'' အဖေတို့ မအိပ်ချင်သေးဘူးလား ကျွန်တော်တော့အရမ်းကို အိပ်ချင်နေပီ ''
YOU ARE READING
ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)
Romanceကိုလေးက ရေလိုပဲ ကြည်လင်တယ် ပြတ်သားတယ် ထိုးဖောက်ပီးမြင်နေရတယ် တစ်ခါတစ်လေကျတော့လည်း ကျွန်တော့်ကို အသက်မရှူနိုင်စေတော့တဲ့အထိ နစ်မွန်းသွားစေတယ် ပျော့ပျောင်းတယ် နူးညံ့တယ်လို့ ထင်ရပေမယ့် သူစိတ်ဆိုးလာရင် ဘယ်အရာမှ သူ့ကို တားဆီးလို့မရဘူး ကျောက်စိုင်ကျော...