part 11

1.7K 162 2
                                    

Unicode

နောက်နေ့ရောက်တော့ ကျွန်တော်တို့ အောင်ပန်းဘက်ကို သွားဖြစ်ခဲ့ကြသည်

အောင်ပန်းမှာက ကလောလောက်လည်စရာပတ်စရာမပေါပေမယ့် ကျွန်တော်ကတော့ ပိုသဘောကျမိသည်

တရှည်တလျား coffee ခင်းတွေကြား စပျစ်ခင်းတွေကြား လမ်းလျှောက်သွားရတာ ပိုစိတ်ကြည်နူးစရာလို့ တွေးမိသည်

စိုက်ခင်းပိုင်ရှင်တွေရဲ့ လက်ဖျော် coffee ကလည်း coffee ခင်းထဲမှာ ထိုင်သောက်ရလို့လားမသိ တော်တော်ကို အရသာရှိသည်

coffee ခင်းထဲမှာထိုင် coffee တစ်ခွက်ကိုကိုင်ပီး တောင်တန်းတွေကိုကြည့်ရင်း ဘဝကို ဒီအတိုင်းတောင် ကုန်ဆုံးလိုက်ချင်သည်

ဒီမှာ ခြံပိုင်ရှင်လေးအနေနဲ့ ဘဝကိုဖြတ်သန်းရရင် ဘယ်လောက်ကောင်းလိုက်မလဲ

မနက်မိုးလင်းရင် အေးအေးချမ်းချမ်းနှင်းတွေကြား ဆွယ်တာထူထူလေးဝတ်ရင်း ပူပူနွေးနွေး coffee တစ်ခွက်ကိုင်ကာ စိုက်ခင်းထဲကို လာမယ်

နေ့လည်ဆိုရင် အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်ကြီးအောက်မှာ တောင်တန်းတွေကိုကြည့်ချင်ကြည့်မယ်

စာဖတ်ရင်းနဲ့ တစ်ရေးတမော အိပ်ပီး တစ်ရေးနိုးရင် စာအုပ်ပြန်ဖတ်မယ်

ပျင်းလာရင် ဘေးက နေကြာပန်းခင်းတွေ ဒေစီပန်းခင်းတွေဆီ လမ်းလျှောက်ထွက်မယ် ခွေးကလေးလည်းပါချင်ပါမယ်ပေါ့

တစ်ခါတစ်လေ ရောင်စုံပွင့်နေတတ်တဲ့ အရိုင်းပန်းခင်းတွေနဲ့ တောင်တန်းတွေဆီ ဓာတ်ပုံရိုက်ထွက်မယ်

ဆိုင်ကယ်လေးနဲ့ ကလောကိုသွားမယ် တောင်ကုန်းလေးအတိုင်း မောအောင်တက်ယူရတဲ့ဆိုင်မှာ hot pot စားမယ်

'' ဘာလို့ အဲ့လောက်တောင် ပြုံးနေတာလဲ ''

ဘေးနားလာရပ်ရင်း ပုခုံးချင်းတိုက်ပီး မေးလိုက်တဲ့ ကိုလေး​ကြောင့် ကိုမှာ လန့်တောင်လန့်သည်

'' မြတ်စွာ ''

'' အာမေဋိတ်ကလည်း မြတ်စွာတဲ့လား မင်းနဲ့မလိုက်မဖက် ''

ပြောရင်း ကိုလေးက ရီနေသည်

''လူကို မရီပါနဲ့ ''

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now