part 29

1.5K 130 1
                                    

Unicode

မြောက်လေတို့ကပဲ ဆောင်းကိုခေါ်ဆောင်လာလေသလား

ဆောင်းတွင်းမို့ပဲ မြောက်လေတို့တိုက်လေသလား မသိပေမယ့် ဒီဆောင်းရာသီမှာတော့ ကျွန်တော့်နှလုံးသားက ဆောင်းနှင့်အတူ အေးစက်နေသည်

တစ်ခါတစ်လေ တိုက်ခတ်လာတဲ့ မြောက်လာတွေထဲ ဒီအချိန်ဒီရာသီဆို လှိုင်လှိုင်ပွင့်တတ်တဲ့ ဧကရာဇ်ပန်းရနံ့တို့က မြောပါလာသည်

ထိုရနံ့ကိုရလိုက်တိုင်း ကိုလေးသိပ်သဘောကျမှာပဲ ဆိုတဲ့စိတ်နဲ့ တစ်ယောက်သောသူကို သတိရမိတတ်သည်

ထိုအခါတိုင်း နှလုံးသားက နာသည်

အခုနောက်ပိုင်း ကျွန်တော် နေလို့မပျော်တော့ပီ

အခုနောက်ပိုင်းဆိုတာ ကိုလေးမရှိတော့တဲ့နောက်ပိုင်းကို ဆိုလိုချင်ခဲ့တာပါ

ကိုလေးပြန်သွားပီး နောက်နေ့မှာပဲ မန္တလေးကို ပြန်လာခဲ့သည်

ကိုလေး ဘယ်ကို ထွက်သွားလေသလဲ မသိပေမယ့် မန္တလေးမှာပဲရှိနေမှာကို ကျွန်တော့်စိတ်ကအလိုလိုသိသည်

ဒါကြောင့်လည်း ကိုလေးကို တွေ့နိုင်သမျှနေရာတွေမှာ အချိန်တိုင်း ရှာခဲ့သည်

ဒေါ်ကြီးကို ph ဆက်မေးတော့လည်း ကိုလေးပြန်မလာပါဘူးတဲ့

စိတ်ညစ်တဲ့စိတ်နဲ့ ပေလေနေခဲ့ပေမယ့် ရက်ပိုင်းလောက်အကြာမှာ ကိုသူရိန်က ph ခေါ်ပီး အလုပ်ပြန်ဆင်းဖို့ပြောခဲ့သည်

ကို့စိတ်အတိုင်းသာဆိုရင်တော့ အဲ့ဒီ့အမှတ်တရတွေ အများကြီးရှိတဲ့နေရာကို ပြန်မသွားချင်ပေမယ့် ကိုနေက မင်းကို အလုပ်ပုံမှန်ဆင်းစေချင်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ အမှတ်တရတွေ အများကြီးရှိတဲ့ coffee ဆိုင်လေးကို ပြန်ခြေချဖြစ်ခဲ့သည်

ဆိုင်အပြင်ဘက် သီးသန့်ဝိုင်းလေးဆီမှာ တစ်နေ့နေ့များ ကိုလေးပေါ်လာလေမလားဆိုတဲ့ စိတ်လည်းပါသည်

ဒါပေမဲ့ နေ့တို့ရက်တို့သာ ပြောင်းလဲသွားသည် ကိုလေးရောက်မလာခဲ့ပါ

အားတဲ့အချိန်တိုင်းလည်း ကိုလေးကိုပဲ အမြဲရှာနေမိသည်

ကိုလေးက ကျွန်တော်နဲ့အဝေးကြီးမှာ ရှိနေတာမဟုတ်ဘူးလို့လည်း စိတ်ကယုံကြည်ခဲ့သည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now