part 18

1.5K 118 2
                                    

Unicode

ညစာ စားပွဲသာဆိုရာဝယ် ဘယ်သူကမှ ညစာစားဖို့ကို စိတ်မဝင်စားကြမှန်း သိသာလွန်းသည်

အရှေ့မှာ ရှိနေတဲ့ အလျှံအပယ် အစားအသောက်တွေက အလှပြရုံသက်သက်သာဖြစ်နေသည်

လူကြီးတွေကတော့ သားရေးသမီးရေးပြောဖို့သာ အားပါပီး အစားအသောက်ကို နည်းနည်းလေးမှ စိတ်မဝင်စားကြပါ

ကိုလေးပုံကတော့ ဒီနေရာမှာ အခုလိုရောက်ပီး လူကြီးတွေနဲ့ မျက်နှာညီစုံညီ ထိုင်နေရတာကိုပဲ စိတ်ဘဝင်မကျ စိတ်မကြည်ဖြစ်နေပုံရသည်

လူကြီးတွေ ပြောနေသမျှစကားတွေကို နားမထောင်ဘဲ မကြားသလို နေရင်း wine သောက်နေသည်

အားလုံးထဲမှာ အေးအေးဆေးဆေးအဖြစ်ဆုံးလူကတော့ ဒီအခန်းထဲကို နောက်ဆုံးမှ ဝင်လာခဲ့တဲ့ အမမေမြတ်နွယ်ပင်

ပုစွန်ကင်နဲ့အသားကင်ကို စားရင်း wine သောက်ရင်း သူနဲ့မဆိုင်သလိုသည့်နေရာရောက်နေသလို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် ဖြစ်နေသည်

နောက်ပီး ဘာမှမဆိုင်ဘဲ အနေအစားကြပ်နေခဲ့တာကတော့ ကိုကိုယ်တိုင်ပါပဲ

ဘယ်သူကမှ ဟင်းပွဲတွေကို ထိမကြည့်ကြတော့ ကိုကအရင် စထိလိုက်ဖို့ဆိုတာက ခက်နေသည်

မစားဘဲနေမည်ဆိုပြန်တော့လည်း မနေနိုင်လောက်အောင်ကို ဗိုက်ကဆာနေတာမို့ ဘယ်သူ့ကိုမှ အာရုံမစိုက်နိုင်ဘဲ ထည့်သာစားလိုက်သည်

ရှေ့မှာရှိနေတဲ့ အစားအစာတွေကိုထည့်စားရင်း တစ်ခါတစ်လေ အမမေမြတ်နွယ်နဲ့ လက်ဆုံသွားတော့ သူမက ကိုယ့်ကိုပြုံးပင်ပြသေးသည်

အားလုံးကလည်း ကိုယ့်ကို စားဖို့သက်သက်လိုက်လာတဲ့ ကလေးတစ်ယောက်လိုသာ သဘောထားပုံရသည်

'' မခင်နန်းထားက ဘာလို့လိုက်မလာတာလဲ ''

ခင်နန်းထား

မကြားဖူးတဲ့ နံမည်ကို ကြားလိုက်ရတော့မှ စားနေသောက်နေရာကနေ သူတို့စကားဝိုင်းကို ထနားစွန့်မိသည်

ဒီမေးခွန်းကို ကြားတော့ ကိုလေးအဖေက မျက်နှာပျက်သွားတာကို မြင်လိုက်သည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now